ဒေါင်း ​ကျော်ထက်အောင် မိုးဟေကို ပိုင်ဖြိုးသုတို့နဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မယ့်” အေးမြဖြူ”…
မန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ အေးမြဖြူလေးကတော့ ငယ်စဉ်ကတည်း ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာမှာ ပါရမီပါတဲ့ သူလေးပဲဖြစ်ပါတယ်။
Source – Aye Mya Phyu
Chilli – CeleGabar
မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ အေးမြဖြူလေးကတော့ ငယ်စဉ်ကတည်း ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာမှာ ပါရမီပါတဲ့ သူလေးပဲဖြစ်ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲကြီး မပြီးဆုံးသေးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံနေရတဲ့အထိကိုအောင်မြင်မှုတွေရရှိထားတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မှာဖြစ်ပြီး ဇာတ်ကားကြီးရဲ့ နာမည်ကတော့”ချစ်ခင်စမှော်ရုံ”လို့ သိရှိရပါတယ်။မင်းသားချော ဒေါင်း၊ကျော်ထက်အောင် ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။အေးမြဖြူကတော့ “ကဲ သတင်းကောင်းလေးလာပါပြီ။တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေးပါဝင်သရုပ်ဆောင်သွားမှာပါရှင်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သတင်းကောင်းလေးကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မိုးသိုလေးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်ရိုက်ကူးခဲ့ပေမဲ့ ပညာရေးကို ဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားတာပါ။CeleGabar ပရိသတ်ကြီးရေ ငယ်စဉ်ကတည်းက သရုပ်ဆောင်ပီပြင်ခဲ့တဲ့ မိုးသိုလေးရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြန်လည်မြင်တွေ့ရတော့မယ်နော်။
Source – Aye Mya Phyu
Chilli – CeleGabar
Leave a Reply
Your email address will not be published. Required fields are marked *
Releated
မဆင့် အခုလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာတဲ့ ရုပ်ရှင်ဥက္ကဌ ညီညီထွန်းလွင်
သရုပ်ဆောင် မေသန်းနုကိုတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဒီနေ့(ဇန်နဝါရီလ ၂ ရက်) က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြသလို သူမကို ချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လို့ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။ ရုပ်ရှင်ဥက္ကဌ […]
ထိုင်းနိုင်ငံမှာ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြတဲ့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီး မြန်မာဆိုတာဘာလဲ ပြောလိုက်တဲ့ ”မနော”…
ထိုင်းနိုင်ငံမှာ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြတဲ့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီး မြန်မာဆိုတာဘာလဲ ပြောလိုက်တဲ့ ”မနော”… အဆိုတော် မနောဟာ မြန်မာနိုင်ငံမှာ အတော့်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပါ… သူ့ရဲ့ ကျေးလက်သဘာဝကို ထင်ဟပ်စေတဲ့ သီချင်းတွေဟာ ဆိုရင် တောရောမြို့ပါမကျန် အကုန်ကြိုက်ကြတာပဲ ဖြစ်ပါတယ်..ဒါ့အပြင် အလှူမင်္ဂလာပွဲတွေမှာလည်း မနောမပါရင် မပြီးဘူးလို့ ဆိုရမှာပါ… ဒီလို မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းဆိုရင် နိုင်ငံခြားထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်… လတ်တလောမှာလည်း မနောဟာ ထိုင်းနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ခုလိုချပြခဲ့ပါတယ်… “ထိုင်းနိုင်ငံ မဲဆောက်မှာ ဆိုခဲ့တယ် ..ချီးကျူးစရာတစ်ခုတွေ့ခဲ့တယ် ….အမျိုး ဘာသာသာသနာကိုစောင့်ရှောက်တဲ့ ထိုင်းနိုင်ငံမှာအနေကြာပြီး မြန်မာလူမျိုးတွေ အဲဒီမှာတော်တော်များများကိုရှိနေတာဗျာ့ ရှိတဲ့ထဲမှာ ထူးခြားတာက …ဦးကျော်သောင်းတို့ဇနီးမောင်နှံ […]