သမ္မတဟောင်းဦးသိန်းစိန်ရဲ့ပြောဆိုချက်အပေါ် အမြင်များ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အကြောင်းပြထားတဲ့ ‌ခေတ်သစ် ကိုလိုနီပြုခံရမယ့် အန္တရာယ်ရောက်နေတဲ့အတွက် တပ်မတော်နဲ့တိုင်းပြည်ကို ကာကွယ်မယ့် ပါတီနဲ့လူတွေကို မဲပေးကြဖို့ဆိုပြီး သမ္မတဟောင်း ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်က ဂါရဝပြုပွဲမှာ ပြောလိုက်ပါတယ်။

ဦးသိန်းစိန်ဟာ မဲဆွယ်ခွင့်မရှိသေးတဲ့အချိန်မှာ မဲဆွယ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်သလို ဒီစကားတွေဟာ အာဏာရှင်တွေပြောနေကျဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ဝေဖန်ရေးဆိုတာ လုပ်သင့်ပေမယ့် အစိုးရအဆက်ဆက်ကြောင့်ဖြစ်ရတဲ့ အကျပ်အတည်းတွေအတွက် အချင်းချင်းအပြစ်မတင်သင့်တော့ဘဲ နိုင်ငံသားအားလုံး အကျိုးအတွက် ညီညွတ်ကြဖို့လိုပြီလို့ ရှုမြင်ပါတယ်။

RFA Burmese




RFA Burmese

Leave a Reply

Your email address will not be published. Required fields are marked *

Releated


ပန်းတနော်မြို့မှ အမျိုးသမီး၂ဦး အက်ဆစ်ဖြင့် အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေ ပန်းတနော် ။ ဇန်နဝါရီ ၉ ၂လကျော်ကြာမြင့်နေသည့် ပန်းတနော်မြို့မှ အမျိုးသမီး၂ဦးအက်ဆစ်ဖြင့်အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံ ပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပန်းတနော်မြို့နယ်ရဲတပ်ဖွဲမှူး ရုံးမှ သိရသည်။ “ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျ မပြောနိုင် ကြဘူး … စုံစမ်းရတာ အခက်အခဲဖြစ်တာပေါ့မသင်္ကကာသူတွေ နီးစပ်တဲ့ CCTV တွေအစရှိသဖြင့် ပြန်ပြီး အသေးစိတ်စစ်ဆေးနေပါတယ် … အမြန်ဆုံး ပေါ် ပေါက်ရေး ညွန်ကြားမှုတွေပေးထားပါတယ် ” ပန်းတနော်မြို့နယ် မြိနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇံက ဇန်နဝါရီ ၉ရက် ကပြောသည်။ ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီးပန်း ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက် […]

ကျောင်းဖွင့် ၊ ကျောင်းပိတ် ရက် ပြင်ဆင် သတ်မှတ်ချက်

ကျောင်းသားမိဘတွေ သိသင့်တဲ့သတင်း …. အခြေခံပညာကျောင်းများဖွင့်ရက်ကို မူလသတ်မှတ်ချက်ထက် ခြောက်ရက်လျှော့ ဝေဖန်ကန့်ကွက်မှုများရှိ ပြီးနောက် အခြေခံပညာကျောင်း များကို မတ်လ ၂၅ ရက်အထိသာ ဖွင့်မည်ဟု ပညာရေးဝန်ကြီးဌာန က ပြောင်းလဲသတ်မှတ်သည်။… ဝေဖန်ကန့်ကွက်မှုများရှိ ပြီးနောက် အခြေခံပညာကျောင်း များကို မတ်လ ၂၅ ရက်အထိသာ ဖွင့်မည်ဟု ပညာရေးဝန်ကြီးဌာန က ပြောင်းလဲသတ်မှတ်သည်။ ယခုပညာသင်နှစ်ကစတင် ကာ မတ်လ ၃၁ ရက်အထိ ကျောင်းဖွင့်မည်ဟု ဝန်ကြီးဌာန၏ သတ် မှတ်ချက်ကို ဝေဖန်ကန့်ကွက်မှုများရှိပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် နေပြည်တော်၌ တိုင်းနှင့်ပြည်နယ် ပညာရေးမှူးများပါဝင်သည့် အစည်းအဝေးပြုလုပ်ခဲ့ သည်။ ထိုအစည်းအဝေး ဆုံးဖြတ်ချက်အရ မူလသတ်မှတ်ချက် ထက် ခြောက်ရက်လျှော့ပြီး မတ် လ ၂၅ ရက်အထိ […]