ပန္းတေနာ္ျမိဳ႕မွ အမ်ိဳးသမီး၂ဦး အက္ဆစ္ျဖင့္ အပက္ခံရေသာအမႈအား အျမန္ဆုံုးတရားခံေပၚေပါက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေန

ပန်းတနော်မြို့မှ အမျိုးသမီး၂ဦး အက်ဆစ်ဖြင့် အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

ပန်းတနော် ။ ဇန်နဝါရီ ၉

၂လကျော်ကြာမြင့်နေသည့် ပန်းတနော်မြို့မှ အမျိုးသမီး၂ဦးအက်ဆစ်ဖြင့်အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံ ပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပန်းတနော်မြို့နယ်ရဲတပ်ဖွဲမှူး ရုံးမှ သိရသည်။

“ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျ မပြောနိုင် ကြဘူး … စုံစမ်းရတာ အခက်အခဲဖြစ်တာပေါ့မသင်္ကကာသူတွေ နီးစပ်တဲ့ CCTV တွေအစရှိသဖြင့် ပြန်ပြီး အသေးစိတ်စစ်ဆေးနေပါတယ် …

အမြန်ဆုံး ပေါ် ပေါက်ရေး ညွန်ကြားမှုတွေပေးထားပါတယ် ” ပန်းတနော်မြို့နယ် မြိနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇံက ဇန်နဝါရီ ၉ရက် ကပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီးပန်း ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက် အပိုင် ၇ တွင် တစ်ရပ်ကွက်တည်း အိမ်နီးချင်းနေထိုင်သူများ ဖြစ်ကြသည့် မလဲ့လဲ့ဝင်း နှင့် ဒေါ်ခင်ဥမ္မာလင်း တို့သည် အောက်တိုဘာ ၂၄ရက် ည ၁၁ နာရီချိန်က
မလဲ့လဲ့ဝင်းတို့ အိမ်မှထွက်ပြီး မလဲ့လဲ့ဝင်း၏ နေအိမ်သို့အပြန် လမ်းလျှောက်လာစဉ် အနော်ရထာလမ်းနှင့် စိတ္တသုခလမ်းထောင့်သို့ အရောက်တွင် ဆိုင်ကယ်ဖြင့်ရုတ်တရက် ရောက်ရှိလာသူ ၂ဦးအနက် ဆိုင်ကယ်အနောက်က ထိုင်လိုက်လာသူက ကြွတ်ကြွတ်အိတ် အမဲ ရောင် အက်ဆစ်အထုပ်ဖြင့် ပစ်ပေါက်ခဲ့၍ နှစ်ဦးစလုံး၏ လက်မောင်း ရင်ဘတ် လည်ပင်းနှင့် မျက်နှာနေရာများ ထိမှန်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။

နှစ်ဦးစလုံး၏ အက်ဆစ်လောင်ဒဏ်ရာများကုသရန် ပန်းတနော် မြို့မ ဆေးရုံကြီးသို့ကနဦးပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းတာကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်၍ ၂ လ ကျော်ကြာ ကုသခဲ့ရသည်။

” ကျွန်မကတော့ ညာဘက်မျက်စိကွယ်သွားပြီ ဘယ်ဘက်မျက်စိလည်း မှုံ ဝါးဝါးပဲ ဘယ်မျက်စိမကွယ်အောင် ဆက်ကုနေရတယ် အားလုံးကျပ် သိန်းတစ်ရာကျော်ကုန်နေပြီ

ဆေးရုံကတော့ ဆင်းလာပြီ ဒါပေမဲ့ အပတ်တိုင်း ဆေးရုံသွားပြ နေရတုန်းပဲ …

စနစ်တကျ ကျမကိုလုပ်ကြံတာလို့ယူဆတယ် ကျွန်မတို့လိုမိန်းမသားတွေဒါမျိုး နောက်ထပ် မဖြစ်စေချင်ဘူးအမှုက တရားခံကိုလည်းအမြန်ပေါ်စေချင်တယ် …

ခုလည်းအိမ်မှာ လုံခြုံမှုမရှိလို့မနေရဲဘူး … ဓနုဖြုမြို့မှာ သွားနေတယ် … ကျမတစ်ချိန်တုန်းက တိုင်ကြားဖူးသူက လူငှားပြီး အကြမ်းဖက်တာလို့ပဲ ကျမမြင်တယ်။

သံသယရှိသူတွေကိုလည်း ရဲတပ်ဖွဲ့ကို ပြောထားပါတယ် ဒါပေမဲ့ခုထိမပေါ်ဘူးဖြစ်နေတယ်”ဟု အက်ဆစ်ဖြင့် အပက်ခံထားရ၍ မျက်စိတဖက် ကွယ်သွားသူ မလဲ့လဲ့ဝင်းက ပြောသည်။

အဆိုပါအမှု့ကို ပန်းတနော်မြို့နယ်မြို့မရဲစခန်းမှ မခင်ဥမ္မာလင်း ၏အဒေါ်ဖြစ်

သူမှ တရားလိုလုပ်ကာ အောက်တိုဘာ ၂၄ရက်နေ့က အမှုဖွင့်တိုင်ကြားမှုကြောင့်(ပ)၈၅၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ တို့ဖြင့် အမှုဖှုင့်စစ်ဆေးနေကြောင်း သိရသည်။

” ကျနော်ဒီမှာနေတာကြာပါပြီ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ တသက်နဲ့ တစ်ကိုယ် တစ်ခါမှ မဖြစ်ဘူးပါဘူး အမြန်ပေါ်စေချင်ပါတယ် ကာယကံရှင်ကိုယ်စားလည်း ကျွန်တော်တို့လည်းအရမ်းခံစားရပါတယ် လုပ်ကြံတဲ့လူတွေက ဒီအရပ်ကလူတွေမဖြစ်နိုင်ဘူးလို့ယူဆတယ် ဒါကြောင့် ဒေသတွင်းရဲတပ်ဖွဲ့ထက်မြင့်တဲ့အထက်အဖွဲ့က တစ်ခုခု လာပြီးစစ်ဆေးဖော်ထုတ်ရင် အမြန်ပေါ်နိုင်ပါတယ် ” အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

ရွှေမြင့်ဦး( ရွှေပြည်သာ)

နယ်သတင်းထောက်

09 795 972 796

DLA 034720

အမှတ်၅၇၂ ခရေလမ်း ၁၂ရပ်ကွက် ရွှေပြည်သာ

Zawgyi
ပန္းတေနာ္ျမိဳ႕မွ အမ်ိဳးသမီး၂ဦး အက္ဆစ္ျဖင့္ အပက္ခံရေသာအမႈအား အျမန္ဆုံုးတရားခံေပၚေပါက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေန

ပန္းတေနာ္ ။ ဇန္နဝါရီ ၉

၂လေက်ာ္ျကာျမင့္ေနသည့္ ပန္းတေနာ္ျမိဳ႕မွ အမ်ိဳးသမီး၂ဦးအက္ဆစ္ျဖင့္အပက္ခံရေသာအမႈအား အျမန္ဆုံုးတရားခံ ေပၚေပါက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း ပန္းတေနာ္ျမိဳ႕နယ္ရဲတပ္ဖြဲမွဴး ရံုးမွ သိရသည္။

“က်ြန္ေတာ္လည္း ေရာက္လာတာမၾကာေသးဘူး ဒီကိစၥက ျပစ္မႈက်ဴးလြန္သူကိုလည္း ခံရတဲ႕သူေတြက အတိအက် မေျပာနိုင္ ၾကဘူး … စုံစမ္းရတာ အခက္အခဲျဖစ္တာေပါ့မသကၤကာသူေတြ နီးစပ္တဲ႔ CCTV ေတြအစရွိသျဖင့္ ျပန္ျပီး အေသးစိတ္စစ္ေဆးေနပါတယ္ …

အျမန္ဆုံုး ေပၚ ေပါက္ေရး ညြန္ၾကားမႈေတြေပးထားပါတယ္ ” ပန္းတေနာ္ျမိဳ႕နယ္ ျမိနယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေက်ာ္ဇံက ဇန္နဝါရီ ၉ရက္ ကေျပာသည္။

ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသျကီးပန္း ပန္းတေနာ္ျမိဳ႕ အေနာက္ပိုင္း ရပ္ကြက္ အပိုင္ ၇ တြင္ တစ္ရပ္ကြက္တည္း အိမ္နီးခ်င္းေနထိုင္သူမ်ား ျဖစ္ၾကသည့္ မလဲ႕လဲ႕ဝင္း ႏွင့္ ေဒၚခင္ဥမၼာလင္း တို႕သည္ ေအာက္တိုဘာ ၂၄ရက္ ည ၁၁ နာရီခ်ိန္က
မလဲ႕လဲ႕ဝင္းတို႕ အိမ္မွထြက္ျပီး မလဲ႕လဲ႕ဝင္း၏ ေနအိမ္သို႕အျပန္ လမ္းေလ်ွာက္လာစဥ္ အေနာ္ရထာလမ္းႏွင့္ စိတၱသုခလမ္းေထာင့္သို႔ အေရာက္တြင္ ဆိုင္ကယ္ျဖင္႔ရုတ္တရက္ ေရာက္ရွိလာသူ ၂ဦးအနက္ ဆိုင္ကယ္အေနာက္က ထိုင္လိုက္လာသူက ျကြတ္ျကြတ္အိတ္ အမဲ ေရာင္ အက္ဆစ္အထုပ္ျဖင္႔ ပစ္ေပါက္ခဲ႔၍ နွစ္ဦးစလုံး၏ လက္ေမာင္း ရင္ဘတ္ လည္ပင္းႏွင့္ မ်က္ႏွာေနရာမ်ား ထိမွန္ေလာင္က်ြမ္းခဲ့ျခင္းျဖစ္ သည္။

နွစ္ဦးစလံုး၏ အက္ဆစ္ေလာင္ဒဏ္ရာမ်ားကုသရန္ ပန္းတေနာ္ ျမိဳ႕မ ေဆးရံုႀကီးသို ့ကနဦးပို ့ေဆာင္ကုသခဲ႕ေသာ္လည္း ဒဏ္ရာမ်ားမွာ ျပင္းထန္လြန္းတာေၾကာင္ ့ ညတြင္းခ်င္း ရန္ကုန္ေဆးရံုႀကီးသို႔ ဆက္လက္ ပို ့ေဆာင္၍ ၂ လ ေက်ာ္ၾကာ ကုသခဲ႕ရသည္။

” က်ြန္မကေတာ့ ညာဘက္မ်က္စိကြယ္သြားျပီ ဘယ္ဘက္မ်က္စိလည္း မွံဳ ဝါးဝါးပဲ ဘယ္မ်က္စိမကြယ္ေအာင္ ဆက္ကုေနရတယ္ အားလုံးက်ပ္ သိန္းတစ္ရာေက်ာ္ကုန္ေနျပီ …

ေဆးရံုကေတာ့ ဆင္းလာျပီ ဒါေပမဲ႕ အပတ္တိုင္း ေဆးရံုသြားျပ ေနရတုန္းပဲ …

စနစ္တက် က်မကိုလုပ္ၾကံတာလို႕ယူဆတယ္ က်ြန္မတို႕လိုမိန္းမသားေတြဒါမ်ိဳး ေနာက္ထပ္ မျဖစ္ေစခ်င္ဘူးအမႈက တရားခံကိုလည္းအျမန္ေပၚေစခ်င္တယ္ …

ခုလည္းအိမ္မွာ လုံျခံဳမႈမရွိလို႕မေနရဲဘူး … ဓႏုျဖဳျမိဳ႕မွာ သြားေနတယ္ … က်မတစ္ခ်ိန္တုန္းက တိုင္ၾကားဖူးသူက လူငွားျပီး အၾကမ္းဖက္တာလို႔ပဲ က်မျမင္တယ္။

သံသယရွိသူေတြကိုလည္း ရဲတပ္ဖြဲ႕ကို ေျပာထားပါတယ္ ဒါေပမဲ႔ခုထိမေပၚဘူးျဖစ္ေနတယ္”ဟု အက္ဆစ္ျဖင့္ အပက္ခံထားရ၍ မ်က္စိတဖက္ ကြယ္သြားသူ မလဲ႕လဲ႕ဝင္းက ေျပာသည္။

အဆိုပါအမႈ႕ကို ပန္းတေနာ္ျမိဳ႕နယ္ျမိဳ႕မရဲစခန္းမွ မခင္ဥမၼာလင္း ၏အေဒၚျဖစ္

သူမွ တရားလိုလုပ္ကာ ေအာက္တိုဘာ ၂၄ရက္ေန႕က အမႈဖြင္ ့တိုင္ၾကားမႈေၾကာင္ ့(ပ)၈၅၈/၂၀၁၉ ရာဇသတ္ျကီးပုဒ္မ ၃၂၆/၃၂၄ တို႕ျဖင့္ အမႈဖႈင့္စစ္ေဆးေနေၾကာင္း သိရသည္။

” က်ေနာ္ဒီမွာေနတာၾကာပါျပီ ဒီလိုျဖစ္စဥ္မ်ိဳး တစ္ခါမွ တသက္နဲ႕ တစ္ကိုယ္ တစ္ခါမွ မျဖစ္ဘူးပါဘူး အျမန္ေပၚေစခ်င္ပါတယ္ ကာယကံရွင္ကိုယ္စားလည္း က်ြန္ေတာ္တို႕လည္းအရမ္းခံစားရပါတယ္ လုပ္ၾကံတဲ႕လူေတြက ဒီအရပ္ကလူေတြမျဖစ္နိုင္ဘူးလို႕ယူဆတယ္ ဒါေၾကာင့္ ေဒသတြင္းရဲတပ္ဖြဲ႕ထက္ျမင့္တဲ႕အထက္အဖြဲ႕က တစ္ခုခု လာျပီးစစ္ေဆးေဖာ္ထုတ္ရင္ အျမန္ေပၚနိုင္ပါတယ္ ” အေနာက္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းလင္း ကေျပာသည္။

ေရႊျမင့္ဦး( ေရႊျပည္သာ)

နယ္သတင္းေထာက္

09 795 972 796

DLA 034720

အမွတ္၅၇၂ ခေရလမ္း ၁၂ရပ္ကြက္ ေရႊျပည္သာ

Leave a Reply

Your email address will not be published. Required fields are marked *

Releated

သမ္မတဟောင်းဦးသိန်းစိန်ရဲ့ပြောဆိုချက်အပေါ် အမြင်များ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အကြောင်းပြထားတဲ့ ‌ခေတ်သစ် ကိုလိုနီပြုခံရမယ့် အန္တရာယ်ရောက်နေတဲ့အတွက် တပ်မတော်နဲ့တိုင်းပြည်ကို ကာကွယ်မယ့် ပါတီနဲ့လူတွေကို မဲပေးကြဖို့ဆိုပြီး သမ္မတဟောင်း ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်က ဂါရဝပြုပွဲမှာ ပြောလိုက်ပါတယ်။ ဦးသိန်းစိန်ဟာ မဲဆွယ်ခွင့်မရှိသေးတဲ့အချိန်မှာ မဲဆွယ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်သလို ဒီစကားတွေဟာ အာဏာရှင်တွေပြောနေကျဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ဝေဖန်ရေးဆိုတာ လုပ်သင့်ပေမယ့် အစိုးရအဆက်ဆက်ကြောင့်ဖြစ်ရတဲ့ အကျပ်အတည်းတွေအတွက် အချင်းချင်းအပြစ်မတင်သင့်တော့ဘဲ နိုင်ငံသားအားလုံး အကျိုးအတွက် ညီညွတ်ကြဖို့လိုပြီလို့ ရှုမြင်ပါတယ်။ RFA Burmese ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးကို အေၾကာင္းျပထားတဲ့ ‌ေခတ္သစ္ ကိုလိုနီျပဳခံရမယ့္ အႏၲရာယ္ေရာက္ေနတဲ့အတြက္ တပ္မေတာ္နဲ႔တိုင္းျပည္ကို ကာကြယ္မယ့္ ပါတီနဲ႔လူေတြကို မဲေပးၾကဖို႔ဆိုၿပီး သမၼတေဟာင္း ဦးသိန္းစိန္က […]

ေက်ာင္္းဖြင္႔ ၊ ေက်ာင္းပိတ္္ ရက္ ျပင္ဆင္ သတ္္မွတ္ခ်က္္

ေက်ာင္းသားမိိဘေတြ သိိသင့္တဲ့သတင္း …. အေျခခံပညာေက်ာင္းမ်ားဖြင့္ရက္ကို မူလသတ္မွတ္ခ်က္ထက္ ေျခာက္ရက္ေလၽွာ့ ေဝဖန္ကန႔္ကြက္မွုမ်ားရွိိ ၿပီးေနာက္ အေျခခံပညာေက်ာင္း မ်ားကို မတ္လ ၂၅ ရက္အထိသာ ဖြင့္မည္ဟု ပညာေရးဝန္ႀကီးဌာန က ေျပာင္းလဲသတ္မွတ္သည္။… ေဝဖန္ကန႔္ကြက္မွုမ်ားရွိ ၿပီးေနာက္္ အေျခခံပညာေက်ာင္း မ်ားကို မတ္လ ၂၅ ရက္အထိသာ ဖြင့္မည္ဟု ပညာေရးဝန္ႀကီးဌာန က ေျပာင္းလဲသတ္မွတ္သည္။ ယခုပညာသင္ႏွစ္ကစတင္္ ကာ မတ္လ ၃၁ ရက္အထိိ ေက်ာင္းဖြင့္မည္ဟု ဝန္ႀကီးဌာန၏ သတ္ မွတ္ခ်က္ကို ေဝဖန္ကန႔္ကြက္မွုမ်ားရွိၿပီးေနာက္ ဇန္နဝါရီ ၉ ရက္တြင္ ေနျပည္ေတာ္၌ တိုင္းႏွင့္ျပည္နယ္ ပညာေရးမွူးမ်ားပါဝင္သည့္ အစည္းအေဝးျပဳလုပ္ခဲ့ သည္။ ထိုအစည္းအေဝး ဆုံးျဖတ္ခ်က္အရ မူလသတ္မွတ္ခ်က္ ထက္ ေျခာက္ရက္ေလၽွာ့ၿပီး မတ္ လ ၂၅ ရက္အထိ […]