astrology
ကြာသပ​တေး သားသမီးများ အတွက်​ တစ်​သက်​စာ ​ဟောစာတမ်း…!
Unicode >>>
ကြာသပတေး သားသမီး များသည်
စိတ်ရင်း စေတနာ ကောင်းမွန်ပြီး ပွင့်လင်းဖြုစင်သော စိတ်ရှိသည်။
လူတိုင်းကို ခင်မင် တတ်မည်။ အကူအညီ တောင်းခံရင်လည်း မည်သူကိုမဆို ကူညီပေးရန် အသင့်ရှိနေတတ်ကျသည်။
အများနှင့် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် နေချင်စိတ်ရှိသူ ဖြစ်မည်။ မိသားစု ဆွေမျိုး သားချင်းများ အပေါ် အလွန်သံယောဇဉ် ကြီးတတ်သူများဖြစ်သည်။
လူအများရဲ့ ခင်မင်လေးစား ယုံကြည် အားကိုးခြင်းခံရမည်။
တည်တည်ကြည်ကြည် နေတတ်ပြီး စိတ်သဘောကောင်းမည်။
စိတ်ထက်မြတ်ပြီး မတရားမူ့ကို ဆန့်ကျင်မည်။ ပြောစရာရှိလျှင် ပွင့်ပွင့်လင်းလင်း ပြောတတ်သဖြင့် တစ်ခါတလေ သူများ အမြင်ကတ်မည်။
ခံစားချက်ကို ရင်ဖွင့်တတ်သူများ ဖြစ်သည်။အလုပ်ကို အပင်ပန်းခံ လုပ်တတ်သော်လည်း အရာမထင်တတ်ပါ။
ကြိုးစားပေမယ့် အများက ပျင်းတယ်လို့ ထင်တတ်တယ်။
လက်ထဲ ငွေအနည်းငယ်ရှိနေရင် အလုပ်မလုပ်ချင်တော့ပါ၊မနက်ဖြန်အတွက် တွေးပူတတ်သူမဟုတ်ပါ။
မိမိက လွှဲပြီးသူတစ်ပါးကို တော်ယုံ မယုံကြည်တတ်ပါ လက်တွေ့ဆန်မှ ကြိုက်မည်။
ကိုယ်တိုင်မမြင်ဘဲ ဘာကိုမှ လက်မခံတတ်ပါ။ အနှပညာ စာပေ စက်ပိုင်းဆိုင်ရာ အကျိူးပေးမည်၊ ဗုဒ္ဓဟူး စနေ တနင်္ဂနွေ သားသမီး များ အကျိူးပေးမည်။
ကျန်နေ့ သားသမီး များက သင့်ကို ခိုင်းကောင်းကောင်းနှင့် ခိုင်းပြီး အကျိူးအမြတ်ရလျှင် သူတို့သာ ခံစား သွားမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ကောင်းနှင့် တွေ့တတ်သည်။
အစာမကြေရောဂါ ရင်ကြပ်ရောဂါ လိပ်ခေါင်း ရောဂါ ကာလသားရောဂါ နှလုံးရောဂါ ခံစားရတတ်သည်။
၃၁ နှစ်ကျော်မှ ကံပွင့်လာတတ်သည်။၃၇၊ ၄၇ ၄၉ ၅၃ ၅၄ ၅၆ ၅၇ နှစ်များကံညံနေတတ်သည်။ အစစအရာရာ သတိထား လုပ်ကိုင်ပါ။
ဗေဒင်လက္ခဏာ ဆရာလင်းမြတ်သူရိန်
Comment here