Knowledge

သင့်ယာဉ်မောင်းလိုင်စင်ဟာအခြားနိုင်ငံတွေမှာလည်းမောင်းလို့ရတယ်ဆိုတာ သင်မသိသေးဘူးလား






















Unicode

ကားဆရာခင်ဗျ အကို့ယာဉ်မောင်းလိုင်စင်ကထိုင်းတို့မလေးရှားတို့မှာလဲ မောင်းလို့ရတယ်ဗျ”ဟုကျွန်တော်ကစကားလက်ဆောင်အပိုပေးလိုက်ရာဟာ ဟုတ်လားဟု ကားဆရာကအံသြစွာဆိုလေသည်ထိုသို့ကျွန်တော်ပြောမိတော့ကားဆရာဘေးမှတစ်ယောက်က ၄င်၏ယာဉ်မောင်းလိုင်စင်အားကမ်းပေးရင်းကျွန်တော်ယာဉ်မောင်းလိုင်စင်ရော နိုင်ငံခြားမှာမောင်းလို့ရပါသလား ကြည့်ပေးပါဗျဟု ပြောလာရာ

ကျွန်တော်ယူကြည့်မိသည်“မရဘူးအကို အကို့ယာဉ်မောင်းလိုင်စင်ကတော့မြန်မာနိုင်ငံမှာပဲ မောင်းနှင်လို့ရမှာဗျ” ဟု..။ယာဉ်မောင်းလိုင်စင်နှစ်ခုလုံးမှာ “ခ”လိုင်စင်များဖြစ်ကြသည်“ခ”ချင်းအတူတူ

တစ်ခုကအခြားနိုင်ငံမှာမောင်းလို့ရပီးတစ်ခုကမောင်းလို့မရဟုဆိုသော် ဘယ်လိုပါလဲဟူသောသိချင်စိတ်တို့ဖြစ်လာကြသည်ကျွန်တော်က ကားပေါ်ပါလူများနှင့်အတူ မိမိတပည့်များပါလူစုစေပီးအားလုံးဗဟုသုတရစေရန် ဤသို့ရှင်းပြမိပါသည်။ယခင်ထုတ်ပေသည့်

ယာဉ်မောင်းလိုင်စင်တွင်မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိသည် ဟူသောစာတန်းပါရှိသည်

ယခုနောက်ထုတ်ပေးသောလိုင်စင်၌အဆိုပါစာတန်းမပါရှိတော့စာတန်းပါရှိသောလိုင်စင်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိပြီးအဆိုပါစာတန်းမပါရှိသည့်ယာဉ်မောင်းလိုင်စင်မှာမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိသည့်အပြင် ၁၉၉၇ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှထုတ်ပေးသော

ပြည်တွင်းယာဉ်မောင်းလိုင်စင်များအားအသိအမှတ်ပြုရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုဆိုသဘောတူအတည်ပြုခဲ့ပြီးတာမို့ ကျွန်တော်တို့နိုင်ငံက ယာဉ်မောင်းလိုင်စင်ဟာလည်းအာဆီယံနိုင်ငံများမှာ မောင်းနှင်ခွင့်ရှိပြီး အာဆီယံနိုင်ငံများမှ ယာဉ်မောင်းလိုင်စင်ဟာလည်း

ကျွန်တော်တို့နိုင်ငံမှာမောင်းနှင်ခွင့်ရှိပါသည်။ဒါကြောင့်ယာဉ်မောင်းလိုင်စင်တွင်ပါရှိသည့် “မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်နှင်ခွင့်ရှိသည်” ဟူသောစာတန်းမပါရှိတော့ခြင်းမှာအာဆီယံနိုင်ငံများပါမောင်နှင်ခွင့်ရှိလာသောကြောင့် ဖြစ်ပါတော့သည်။( အာဆီယံမဟုတ်သောအခြားနိုင်ငံများဆိုပါက အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်မှသာ မောင်းနိုင်ပါမည်)

Comment here