Knowledge

ဆင္းရဲသားလူနာေတြအတြက္ အခမဲ႔ကုသေပးတဲ႔အျပင္ ေန႔လည္စာပါ စီစဥ္ေပးတဲ႔ ေညာင္ေလးပင္က ႏွလံုးလွ ဆရာ၀န္ၾကီး

ဘယ္ႏွယ့္ ဆရာဝန္သာဆိုတယ္ လူပံုပန္းက မိုက္က်စ္က်စ္ရယ္..စကားေျပာကလည္း ဒံုးတိတိနဲ႔ ဆိုေတာ့ သူ႔ကိုမသိတဲ့လူေတြကို ဘုရားစူးမိုးႀကိဳးပစ္ က်ိန္ေျပာရင္ေတာင္ ဆရာဝန္လို႔ မယံုဘူး စိတ္ခ်။

တစ္ေန႔ေပါ့.. ေဂဟာမွာ ခိုလွံုေနတဲ့ ဖဒိုသူ ကိုယ္ဝန္သည္တစ္ေယာက္က ဖဒိုေဆးရံုမွာ သူ႔ကိုသိတဲ့သူနဲ႔ ဆံုမွာစိုးလို႔ ေညာင္ေလးပင္ေဆးရံုမွာေမြးပါရေစ ဆိုတာနဲ႔ အဲဒီဆရာဝန္ႀကီးနဲ႔ ဆံုၾကတာ..။

ေဒါက္တာ ေသာင္းဒန္ဦး (ေညာင္ေလးပင္ ေဆးရံုအုပ္ႀကီး..)ေပါ့..လူတင္မဟုတ္ နာမည္ကလည္း လက္ေဝွ့သမားနာမည္ႀကီး..ထားပါေတာ့..။

ကေလးေမြးဖြားၿပီးလို႔ ထံုးစံအတိုင္း ပိုက္ဆံဘယ္ေလာက္ေပးရမလဲ ဆိုေတာ့ ကိုယ္ေတာ္ေခ်ာက မ်က္ႏွာထားတင္းတင္းနဲ႔ လက္ခါျပတယ္..။ေဇာင့္ဆတ္ ေဇာင့္ဆတ္နဲ႔ ရံုးခန္းထဲ ဝင္သြားၿပီးသူတို႔ေဆးရံုကိုလႉထားတဲ့ အႏွီးေတြ ႏို႔မႈန္႔ေတြယူခ်လာၿပီး ကိုစိုးထိုက္ကိုျပန္လႉတာ ဆိုၿပီးခ်ာခနဲျပန္လွည့္သြားတယ္..

”ေနာက္တစ္ေယာက္ခြဲမယ္ေဟ့..”လို႔ ေအာ္သြားတဲ့ အဲဒီဆရာဝန္ႀကီးကို ေနာင္မ်ားမွာလည္းအျမဲတမ္း သတိထားမိတဲ့တစ္ခ်က္က ခြဲခန္းဝတ္စံုကို အျမဲလိုလိုဝတ္ထားတာပဲ..။

ေနာက္ပိုင္း ေဂဟာက တစ္ခ်ိဳ႕ကိုယ္ဝန္သည္ေတြ မသန္စြမ္းကိုယ္ဝန္သည္ေတြကို ေညာင္ေလးပင္မွ သြားေမြးတိုင္း သူနဲ႔အျမဲဆံုရတယ္..။ပိုက္ဆံလည္း တစ္က်ပ္မကုန္ဘူး..အားလံုး ဖရီး ဖရီး..

ေအာ္..ကိုစိုးထိုက္ႀကီးမို႔ ပိုက္ဆံမယူတာလား ဆိုေတာ့ မ႐ွိဆင္းရဲတဲ့ လူနာေတြအကုန္ ပိုက္ဆံမေပးႏိုင္ရင္ တစ္က်ပ္မွ မယူပါဘူးတဲ့..။

ဟယ္..အစိုးရေဆးရံုပါဆို မ႐ွိႏြမ္းပါးသူပဲ လာၾကမွာေပါ့ဆိုေတာ့ မဟုတ္ဘူးတဲ့..ဆရာဝန္ႀကီးက ခြဲစိတ္တာ ေတာ္လို႔ ၿမိဳ႕ေပၚက ခ်မ္းသာသူေတြကလည္းေတာ္ယံု ခြဲစိတ္တာေတြ ဘာညာ ရန္ကုန္ကို မသြားၾကေတာ့ဘူး..ဒီမွာပဲ လာကုၾကတယ္..

ခင္ဗ်ား ရန္ကုန္က ေတာ္ယံု အထူးကုေဆးရံု သားနား သန့္ရွင္းတာကေတာ့ က်ဳပ္တို႔ ေညာင္ေလးပင္ေဆးရံုႀကီးက သနားတယ္..လို႔ လက္ေထာက္ဆရာဝန္ေလးက ျပန္ေျပာတယ္။

အင္းေလ ႂကြားမယ္ဆိုလည္း ႂကြားစရာကိုး..ေညာင္ေလးပင္ေဆးရံုႀကီး အေဆာင္သစ္ႀကီးမွာလူနာေတြ ကိုယ္စိတ္ႏွစ္ပါး ခ်မ္းသာစြာနဲ႔ သန္႔သန္႔႐ွင္း႐ွင္း ေဆးကုႏိုင္သလို ၂ ေယာက္ခန္းအထူးခန္းေတြလည္း ႐ွိတယ္..

ေစတနာေရာင္ျပန္ဟပ္တယ္ထင္ပါ့..တစ္ေန႔တစ္ေန႔ လႉၾက တန္းၾကတဲ့ အလႉ႐ွင္ေတြေညာင္ေလးပင္ေဆးရံုႀကီးမွာ ေျခခ်င္းကို လိမ္ေနတာပဲ။

ေဆးရံုတက္တဲ့ လူေတြကို ေဒါက္တာေသာင္းဒန္ဦးနဲ႔ ေဆးရံု ဆရာ ဆရာမမ်ား သူနာျပဳမ်ား ဦးေဆာင္ၿပီး ေန႔လည္စာလည္း ထမင္း ဟင္း အခမဲ့ ေကြၽးသဗ်ာ..အလႉ႐ွင္႐ွိတဲ့ရက္ဆို အလႉ႐ွင္ေတြရဲ႕ အလႉေငြနဲ႔ ေကြၽးၿပီး အလႈ႐ွင္မ႐ွိတဲ့ရက္က်ေတာ့ အစိုးရပိုက္ဆံနဲ႔ ေကြၽးပါတယ္တဲ့..။

ဘယ္က အစိုးရပိုက္ဆံတုန္းဆရာရဲ႕ ဆိုေတာ့ ဝန္ႀကီးဌာန ခြဲတမ္းထဲမွာ ဒီအတြက္ သံုးလို႔ရတဲ့ခြဲတမ္းပါတယ္ ကိုစိုးထိုက္..အဲဒီပိုက္ဆံနဲ႔ေကြၽးတယ္..။

သာဓု သာဓု သာဓုဗ်ာ..အနယ္နယ္ အရပ္ရပ္မွာေတာ့ ေဆးရံုမွာ ထမင္းေကြၽးတယ္ဆိုတာ ပရဟိတသမားအလုပ္..။အခု ေညာင္ေလးပင္မွာေတာ့ ဝန္ထမ္းအလုပ္..။အစိုးရအလုပ္..။

(အစိုးရဝန္ထမ္းဆိုတာ တကယ္ေတာ့ ပရဟိတသမားစစ္စစ္ျဖစ္တယ္ ဆိုၿပီး ေဒါက္တာခြန္ဝင္းလတ္ ေျပာခဲ့ဖူးတာကို ေျပးအမွတ္ရမိေသးတယ္..။)

အံမယ္..

အလႉ႐ွင္ ဘယ္သူ ဘယ္ဝါ ေၾကာ္ျငာတဲ့ မိုက္ႀကီးနဲ႔ အလႉ႐ွင္မ႐ွိတဲ့ရက္ဆို ဒီေန႔ မိဘျပည္သူမ်ားကို ဒါနျပဳတာကေတာ့အစိုးရျဖစ္ပါတယ္ဆိုၿပီး ေၾကာ္ျငာလို႔ ကိုယ့္မယ္ ရယ္ရေသးတယ္..။

သူတို႔ ေညာင္ေလးပင္ ေဆးရံုကို အလႉ႐ွင္ေတြ လႉၾကတဲ့ ႏို႔မႈန္႔ အႏွီး ဒိုက္ပါေတြကို ကြၽန္ေတာ့္ကို အျမဲျပန္လႉတဲ့အျပင္ ေဂဟာက မဗိုက္ေတြကို အကုန္ဖရီး ခြဲစိတ္ေမြးဖြားေပးေတာ့ ကိုယ္ကလည္း တစ္ရက္ စာအိပ္ေလးနဲ႔ ပိုက္ဆံသြားေပးေတာ့သူက တ႐ွဴး႐ွဴးနဲ႔ စိတ္ေတြ ဘာေတြဆိုးတယ္။

ကိုယ္ကလည္း ဘယ္ရမလဲ..သူ႔ကို တစ္ခုခု ေပးခ်င္ေနတာ..သူဘာႀကိဳက္တတ္လဲ စံုစမ္းၿပီး ကယန္းျပည္ကေန ေခါင္ရည္ ယူလာေပးေတာ့ျပံဳးစိစိနဲ႔ ယူတယ္..(လူဇိုး ဗ်..)

”ေနာက္မ်ားမ်ား ယူခဲ့.. ကြၽန္ေတာ့္မိဘက ကယန္းေဒသ ဆီးဘူးတိုက္နယ္ ျပင္ေဆာင္ရြာ ဇာတိ..ကြၽန္ေတာ္က ကယန္းဗ်..”

အို…အ့ံျသလိုက္တာ..

ေနာက္တစ္ခါ ကယန္းကိုေရာက္ရင္ လူငယ္ေတြနဲ႔ေတြ႔ဆံုတဲ့အခါ သူတို႔ကယန္းလူမ်ိဳး ႏွလံုးလွ ဆရာဝန္ႀကီးတစ္ေယာက္အေၾကာင္းကြၽန္ေတာ္ ေျပာျပရအံုးမယ္..။

တကယ္လို႔ မိတ္ေဆြတို႔လည္း ေညာင္ေလးပင္ ေဆးရံုကိုေရာက္တဲ့အခါ ခြဲခန္းဝတ္စံုနဲ႔ မ်က္ႏွာထားတည္တည္အသားညိဳညိဳ ဆရာဝန္ႀကီးတစ္ေယာက္ကိုေတြ႔ရင္ ႐ွိန္မေနဘဲ သြားႏႈတ္ဆက္လိုက္ပါေနာ္..။

စိတ္ထား အင္မတန္ျဖဴၿပီး ေဆးကုတာ ၊ ခြဲစိတ္တာကြၽမ္းက်င္တဲ့ အဲဒီ ကယန္း ဆရာဝန္ႀကီးအေၾကာင္း မိတ္ေဆြတို႔ေဆးရံုကဆင္းသြားရင္ ေက်းဇူးတင္စကား တဖြဖြ ေျပာေနမိပါလိမ့္မယ္ခင္ဗ်ာ.

Unicode

ဘယ်နှယ့် ဆရာဝန်သာဆိုတယ် လူပုံပန်းက မိုက်ကျစ်ကျစ်ရယ်..စကားပြောကလည်း ဒုံးတိတိနဲ့ ဆိုတော့ သူ့ကိုမသိတဲ့လူတွေကို ဘုရားစူးမိုးကြိုးပစ် ကျိန်ပြောရင်တောင် ဆရာဝန်လို့ မယုံဘူး စိတ်ချ။

တစ်နေ့ပေါ့.. ဂေဟာမှာ ခိုလှုံနေတဲ့ ဖဒိုသူ ကိုယ်ဝန်သည်တစ်ယောက်က ဖဒိုဆေးရုံမှာ သူ့ကိုသိတဲ့သူနဲ့ ဆုံမှာစိုးလို့ ညောင်လေးပင်ဆေးရုံမှာမွေးပါရစေ ဆိုတာနဲ့ အဲဒီဆရာဝန်ကြီးနဲ့ ဆုံကြတာ..။

ဒေါက်တာ သောင်းဒန်ဦး (ညောင်လေးပင် ဆေးရုံအုပ်ကြီး..)ပေါ့..လူတင်မဟုတ် နာမည်ကလည်း လက်ဝှေ့သမားနာမည်ကြီး..ထားပါတော့..။

ကလေးမွေးဖွားပြီးလို့ ထုံးစံအတိုင်း ပိုက်ဆံဘယ်လောက်ပေးရမလဲ ဆိုတော့ ကိုယ်တော်ချောက မျက်နှာထားတင်းတင်းနဲ့ လက်ခါပြတယ်..။ဇောင့်ဆတ် ဇောင့်ဆတ်နဲ့ ရုံးခန်းထဲ ဝင်သွားပြီးသူတို့ဆေးရုံကိုလှူထားတဲ့ အနှီးတွေ နို့မှုန့်တွေယူချလာပြီး ကိုစိုးထိုက်ကိုပြန်လှူတာ ဆိုပြီးချာခနဲပြန်လှည့်သွားတယ်..

”နောက်တစ်ယောက်ခွဲမယ်ဟေ့..”လို့ အော်သွားတဲ့ အဲဒီဆရာဝန်ကြီးကို နောင်များမှာလည်းအမြဲတမ်း သတိထားမိတဲ့တစ်ချက်က ခွဲခန်းဝတ်စုံကို အမြဲလိုလိုဝတ်ထားတာပဲ..။

နောက်ပိုင်း ဂေဟာက တစ်ချို့ကိုယ်ဝန်သည်တွေ မသန်စွမ်းကိုယ်ဝန်သည်တွေကို ညောင်လေးပင်မှ သွားမွေးတိုင်း သူနဲ့အမြဲဆုံရတယ်..။ပိုက်ဆံလည်း တစ်ကျပ်မကုန်ဘူး..အားလုံး ဖရီး ဖရီး..

အော်..ကိုစိုးထိုက်ကြီးမို့ ပိုက်ဆံမယူတာလား ဆိုတော့ မရှိဆင်းရဲတဲ့ လူနာတွေအကုန် ပိုက်ဆံမပေးနိုင်ရင် တစ်ကျပ်မှ မယူပါဘူးတဲ့..။

ဟယ်..အစိုးရဆေးရုံပါဆို မရှိနွမ်းပါးသူပဲ လာကြမှာပေါ့ဆိုတော့ မဟုတ်ဘူးတဲ့..ဆရာဝန်ကြီးက ခွဲစိတ်တာ တော်လို့ မြို့ပေါ်က ချမ်းသာသူတွေကလည်းတော်ယုံ ခွဲစိတ်တာတွေ ဘာညာ ရန်ကုန်ကို မသွားကြတော့ဘူး..ဒီမှာပဲ လာကုကြတယ်..

ခင်ဗျား ရန်ကုန်က တော်ယုံ အထူးကုဆေးရုံ သားနား သန့်ရှင်းတာကတော့ ကျုပ်တို့ ညောင်လေးပင်ဆေးရုံကြီးက သနားတယ်..လို့ လက်ထောက်ဆရာဝန်လေးက ပြန်ပြောတယ်။

အင်းလေ ကြွားမယ်ဆိုလည်း ကြွားစရာကိုး..ညောင်လေးပင်ဆေးရုံကြီး အဆောင်သစ်ကြီးမှာလူနာတွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ သန့်သန့်ရှင်းရှင်း ဆေးကုနိုင်သလို ၂ ယောက်ခန်းအထူးခန်းတွေလည်း ရှိတယ်..

စေတနာရောင်ပြန်ဟပ်တယ်ထင်ပါ့..တစ်နေ့တစ်နေ့ လှူကြ တန်းကြတဲ့ အလှူရှင်တွေညောင်လေးပင်ဆေးရုံကြီးမှာ ခြေချင်းကို လိမ်နေတာပဲ။

ဆေးရုံတက်တဲ့ လူတွေကို ဒေါက်တာသောင်းဒန်ဦးနဲ့ ဆေးရုံ ဆရာ ဆရာမများ သူနာပြုများ ဦးဆောင်ပြီး နေ့လည်စာလည်း ထမင်း ဟင်း အခမဲ့ ကျွေးသဗျာ..အလှူရှင်ရှိတဲ့ရက်ဆို အလှူရှင်တွေရဲ့ အလှူငွေနဲ့ ကျွေးပြီး အလှုရှင်မရှိတဲ့ရက်ကျတော့ အစိုးရပိုက်ဆံနဲ့ ကျွေးပါတယ်တဲ့..။

ဘယ်က အစိုးရပိုက်ဆံတုန်းဆရာရဲ့ ဆိုတော့ ဝန်ကြီးဌာန ခွဲတမ်းထဲမှာ ဒီအတွက် သုံးလို့ရတဲ့ခွဲတမ်းပါတယ် ကိုစိုးထိုက်..အဲဒီပိုက်ဆံနဲ့ကျွေးတယ်..။

သာဓု သာဓု သာဓုဗျာ..အနယ်နယ် အရပ်ရပ်မှာတော့ ဆေးရုံမှာ ထမင်းကျွေးတယ်ဆိုတာ ပရဟိတသမားအလုပ်..။အခု ညောင်လေးပင်မှာတော့ ဝန်ထမ်းအလုပ်..။အစိုးရအလုပ်..။

(အစိုးရဝန်ထမ်းဆိုတာ တကယ်တော့ ပရဟိတသမားစစ်စစ်ဖြစ်တယ် ဆိုပြီး ဒေါက်တာခွန်ဝင်းလတ် ပြောခဲ့ဖူးတာကို ပြေးအမှတ်ရမိသေးတယ်..။)

အံမယ်..

အလှူရှင် ဘယ်သူ ဘယ်ဝါ ကြော်ငြာတဲ့ မိုက်ကြီးနဲ့ အလှူရှင်မရှိတဲ့ရက်ဆို ဒီနေ့ မိဘပြည်သူများကို ဒါနပြုတာကတော့အစိုးရဖြစ်ပါတယ်ဆိုပြီး ကြော်ငြာလို့ ကိုယ့်မယ် ရယ်ရသေးတယ်..။

သူတို့ ညောင်လေးပင် ဆေးရုံကို အလှူရှင်တွေ လှူကြတဲ့ နို့မှုန့် အနှီး ဒိုက်ပါတွေကို ကျွန်တော့်ကို အမြဲပြန်လှူတဲ့အပြင် ဂေဟာက မဗိုက်တွေကို အကုန်ဖရီး ခွဲစိတ်မွေးဖွားပေးတော့ ကိုယ်ကလည်း တစ်ရက် စာအိပ်လေးနဲ့ ပိုက်ဆံသွားပေးတော့သူက တရှူးရှူးနဲ့ စိတ်တွေ ဘာတွေဆိုးတယ်။

ကိုယ်ကလည်း ဘယ်ရမလဲ..သူ့ကို တစ်ခုခု ပေးချင်နေတာ..သူဘာကြိုက်တတ်လဲ စုံစမ်းပြီး ကယန်းပြည်ကနေ ခေါင်ရည် ယူလာပေးတော့ပြုံးစိစိနဲ့ ယူတယ်..(လူဇိုး ဗျ..)

”နောက်များများ ယူခဲ့.. ကျွန်တော့်မိဘက ကယန်းဒေသ ဆီးဘူးတိုက်နယ် ပြင်ဆောင်ရွာ ဇာတိ..ကျွန်တော်က ကယန်းဗျ..”

အို…အံ့သြလိုက်တာ..

နောက်တစ်ခါ ကယန်းကိုရောက်ရင် လူငယ်တွေနဲ့တွေ့ဆုံတဲ့အခါ သူတို့ကယန်းလူမျိုး နှလုံးလှ ဆရာဝန်ကြီးတစ်ယောက်အကြောင်းကျွန်တော် ပြောပြရအုံးမယ်..။

တကယ်လို့ မိတ်ဆွေတို့လည်း ညောင်လေးပင် ဆေးရုံကိုရောက်တဲ့အခါ ခွဲခန်းဝတ်စုံနဲ့ မျက်နှာထားတည်တည်အသားညိုညို ဆရာဝန်ကြီးတစ်ယောက်ကိုတွေ့ရင် ရှိန်မနေဘဲ သွားနှုတ်ဆက်လိုက်ပါနော်..။

စိတ်ထား အင်မတန်ဖြူပြီး ဆေးကုတာ ၊ ခွဲစိတ်တာကျွမ်းကျင်တဲ့ အဲဒီ ကယန်း ဆရာဝန်ကြီးအကြောင်း မိတ်ဆွေတို့ဆေးရုံကဆင်းသွားရင် ကျေးဇူးတင်စကား တဖွဖွ ပြောနေမိပါလိမ့်မယ်ခင်ဗျာ.

Comment here