Local News
တိတ်တိတ်လေး လက်ထပ်ထားပြီး ကိုယ်ဝန်ရှိလာချိန်မှာ ယောင်္ကျားလေးက ဖောက်ပြန်လို့ မိဘတွေ သိသွားတဲ့အခါ
ဒါ​ပေမဲ့စိတ်​ရှည်​ရှည်​​စောင့်​ခဲ့ရတယ်​ ကိုယ်​​တွေဘက်​ကဘာလုပ်​ပိုင်​ခွင့်​မှမရှိ​တော့ဘူး​လေ ညီမဖြစ်​သူက ဒီ​ကောင်​ကိုမပြတ်​နိုင်​တာကတစ်​​ကြောင်း ကိုယ်​ဝန်​ရလာပြီဆို​တော့ ပတ်​ဝန်းကျင်​မှာ က​လေးအ​ဖေမျက်​နှာပြနိုင်​ဖို့ ကိုယ်​​တွေက​အောက်​ကျို့ရတာပဲမဟုတ်​လားး။
(မန္တလေးက သူတို့အိမ်)
မူရင်း Post ပိုင်ရှင်
Unicode
ကျေးဇူးပြူပြီး စာဆုံးအောင်ဖတ်ပေးစေလိုပါတယ်
ဒီအကြောင်းအရာကိုရေးပြီးတင်ရခြင်းမှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲ။သို့ပေမဲ့ ကျွန်မညီမလို မဖြစ်ရလေအောင်သတိထားဆင်ခြင်နိုင်အောင်လို့ ရှေ့မျက်နှာနောက်ထား၍ရေးရခြင်းဖြစ်ပါတယ်။
2017ခုနှစ်လောက်ကကျွန်မရဲ့ဝမ်းကွဲ ညီမ ကောင်လေးတစ်ယောက်နဲ့လူငယ်သဘာဝချစ်သူရည်းစားဖြစ်ကြတယ်ရည်းစားသက်တမ်းတစ်နှစ်ကျော်ခန့်တွင် ထိုကောင်လေးနဲ့ကျွန်မညီမမှာကိုယ်ဝန်ရခဲ့တယ်
အိမ်ကိုမပြောရဲတော့ ကိုယ်ဝန်ကိုဖြတ်ချဖို့စီစဉ်ခဲ့ကြပေမဲ့လရင့့်မှသိရတဲ့အတွက်အစီအစဉ်မအောင်မြင်ခဲ့ပါ။ဖျက်ချမဲ့ကိစ္စကိုလည်း ကောင်လေးကပြောတာပါ။ကောင်လေးမိဘများကအရင်သိနှင့်ခဲ့လို့မိန်းခလေးရှင်မိဘတွေကိုအသိမပေးအကြောင်းမကြားပဲ နှစ်ဦးသဘောတူရပ်ကွက်လူကြီးများထံလက်မှတ်စာချူပ်ရေးထိုးခိုင်းခဲ့သည်
(ကာယကံရှင် ယောင်္ကျားလေး)
ထိုစာချူပ်ကိုလည်းကောင်လေးမိဘများကသိမ်းစည်းထားခဲ့တယ်ပြီးတော့ ကျွန်မညီမနဲ့သူတို့၏သားကို တိုက်ခန်းငှါး၍ အကြင်လင်မယားအဖြစ် တစ်လပေါင်းသင်းနေထိုင်ခိုင်းပြီး ကိုယ်ဝန်ခြောက်လဝန်းကျင်မှ မိန်းခလေးရှင်ဘက်ကမိဘများကသိခဲ့ရတယ်။သူတို့နှစ်ယောက်ကိုတိုက်ခန်းမငှါးပေးရသေးခင်အရင် နေထိုင်စားသောက်ခဲ့တဲ့စားရိတ်ကို ကျွန်မညီမကိုယ်ပေါ်မှာရှိတဲ့လက်ဝတ်လက်စားဘာတခုမှမကျန်အောင်ရောင်းပြီး သုံးခဲ့ကြပါတယ်။
ကျွန်မညီမကဒုတိယနှစ်ကျောင်းသူ မန္တလေးမှာမိဘတွေက အဆောင်ထားပေးတာပါ၊ ကျူရှင်မပြီးသေးဘူးအကြောင်းပြပြီးအိမ်မပြန်တာ မိဘတွေကလည်း ရိုးလွန်း အလွန်းတော့ သမီးပြောတဲ့အတိုင်းပဲဒီသမီးအတွက်ပဲ ရုန်းကန်နေရလို့ အလုပ်မအားတာနဲ့သွားမကြည့်ဖြစ်တော့ဒီအခြေအနေရောက်လာမှ သိကြရတာသူတို့က ပြင်ဦးလွင်မှာနေတယ်လို့သိရတယ်။
အဲ့နောက်ဲ ကောင်လေးအမေ ကောင်မလေးမိဘဆီလာရောက်တွေ့ဆုံပြီး ကလေးမီးဖွားပြီးနောက်မှ လက်ထပ်ပေးမယ်ဆိုတဲ့အကြောင်းလာပြောသွားပါတယ်။ ကလေးမွေးပြီးလို့ သူ့ရဲ့သားနဲ့DNAစစ်ကြည့်လို့တူတယ်ဆိုမှလက်ခံမယ်လို့လည်းပြောပါတယ်။ ဒါကို ကိုယ်တွေလည်းသဘောတူပါတယ် ကိုယ့်ဘက်ကယောကျ်ားလေးရှင်ဆိုလည်း ဒီလိုပဲလုပ်မှာမို့ ဒါကိုလက်ခံပါတယ်။
အဲ့ဒီနောက်သိပ်မကြာခင်မှာပဲ လူငယ်ချင်းစကားများကြလို့ကျွန်မညီမက မိဘတွေကိုလာခေါ်ခိုင်းခဲ့တယ်ဟိုရောက်တော့ စကားများရခြင်းအကြောင်းအရင်းကဖောက်ပြန်လို့တဲ့ ကိုယ့်ညီမ ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေတဲ့ သူ့ရဲ့မိန်းမက သူ့သူငယ်ချင်းနဲ့ဖောက်ပြန်လို့ လက်မခံနိုင်ဘူးတဲ့ ပြီးတော့ပြောသေးတယ် ရှေ့ဆက်ပြီးလက်တွဲဖို့လည်းမဖြစ်နိုင်ဘူးတဲ့ဒီအခြေအနေရောက်လာမှ ဒီစကားပြောတယ်ဆိုတော့ စဉ်းစားကြည့့်ကြပါ။အခုဆိုကျွန်မညီမမှာ နောက်နှစ်လဆိုရင်ပဲမွေးတော့မယ် ဗိုက်ထဲကကလေးကမိန်းခလေးတဲ့ဒါပေမဲ့ ဒီလောက်ထိဖြစ်နေတာကိုတောင်ဘာတစ်ခုမှ ခွန်းတုံ့မပြန်ပဲ မအေကသမီးကိုအိမ်ပြန်ခေါ်လာခဲ့ကြတယ်။
ကောင်လေးမိဘတွေဆီဖုန်းဆက်တော့ သြင်္ကန်ပြီးမှဆွေနွေးမယ်တဲ့။အတိအကျမေးတော့လည်း ဟိုလိုလိုဒီလိုလို စကားကိုကွေ့ပတ်ပြောပြီးရှောင်ကွင်းသွားတယ် လိုရင်းရောက်မလာဘူး
(ယောက်င်္ကျားလေးဖက်က မိခင်)
ဒါပေမ့ ဲစိတ်ရှည်ရှည်စောင့်ခဲ့ရတယ် ကိုယ်တွေဘက်ကဘာလုပ်ပိုင်ခွင့့်မှမရှိတော့ဘူးလေ ညီမဖြစ်သူက ဒီကောင်ကိုမပြတ်နိုင်တာကတစ်ကြောင်း ကိုယ်ဝန်ရလာပြီဆိုတော့ ပတ်ဝန်းကျင်မှာ ကလေးအဖေမျက်နှာပြနိုင်ဖို့ ကိုယ်တွေကအောက်ကျို့ရတာပဲမဟုတ်လားး။
3/5/2019ရက်နေ့ကျတော့ကောင်လေးမိဘနဲ့ ကောင်မလေးမိဘနဲ့ မန္တလေးမှာတွေ့ပြီးစကားပြောကြတယ်
ရပ်ကွက်လူကြီးတွေလည်းပါတယ်။အဲ့အကောင်ကတော့ ကားပေါ်ကတောင်ဆင်းမလာခဲ့ဘူးသူ့အမေပဲစကားလာပြောတာဘယ်လိုလုပ်ချင်လဲ လျော်ကြေးလိုချင်လားမေးတယ်
မိန်းကလေးရှင်ဘက်က ဘာလျော်ကြေးမှမလိုချင်ဘူး မင်္ဂလာဆွမ်းကပ်ပေးဖို့ပဲပြောတယ် စာချုပ်မှာလက်မှတ်ထိုးထားတာ ဘယ်သူမှမသိခဲ့တော့ ဗိုက်ကြီးနဲ့တစ်ယောက်ထဲအိမ်ရောက်လာတော့လင်ကောင်မပေါါ်ပဲကလေးရတယ်ဆိုတဲ့နာမည်ဆိုးကြီးကျန်နေမှာဆိုးလို့ကလေးကအဖေရှိတယ်ဆိုတာလူတွေသိရအောင် ဆွမ်းကပ်ပေးဖို့ပြောတာ
(ယောက်င်္ကျားလေးဖက်က မိသားစု)
သူတို့ဘက်က ဆွမ်းကပ်လာရင် သူ့သားကို မိန်းကလေးရှင်ဘက်ကမောင်နှမတွေကရန်ပြုမှာဆိုးတယ်လို့ပြောတယ်ကိုယ့်ညီမကိုဒီလိုလုပ်နေတာကို ဘယ်သူသီးခံနိုင်မှာလဲအားလုံးဒေါသထွက်လို့ ဒီကောင်ကို ကြိမ်းထားဘူးတယ်။သူတို့လုပ်ရပ်သူတို့သိကြပါတယ်။ရပ်ကွက်လူကြီးတွေကလည်းအာမခံပေးတယ်စိတ်ချ ဘာမှမဖြစ်စေရဘူးပေါ့
(မန္တလေးက သူတို့အိမ်)
သူ့အမေနောက်ထပ်တောင်းဆိုတာကဆွမ်းကပ်ပြီး နောက်တပတ်နေရင် ကွာရှင်းပေးတဲ့တာဝန်ယူမယ်ဆိုတဲ့အသိမရှိဘူး။ဘယ်လောက်အောက်တန်းကျလဲဆိုတာ။သူတို့ကချမ်းသာတယ် ကိုယ်တွေဘက်ကဆင်းရဲလို့ လက်မခံနိုင်ဘူးဆို အစကတည်းကဘာလို့ပတ်သတ်သေးလဲ?သူများသားသမီးဘဝအညွန့်ချိုးပြီးမှဒီလိုလုပ်တယ်ဆိုတာတော်ရုံသောက်ဆင့်နဲ့တော့မရဘူးနော်ထားပါ။
ဒါတွေပြောရင်ဒေါတွေပါတယ်။သူတို့တောင်းဆိုတာကို မိန်းကလေးရှင်ဘက်ကသဘောတူတယ်။ဒါကသည်းခံမှုအဆုံးစွန်ထိရောက်သွားတာ။
ဒါပေမဲ့ ဆွမ်းကပ်မဲ့ရက် ဒင်းတို့ရောက်မလာကြဘူး။သူ့သားပျောက်နေတယ်တဲ့။ဒီဘက်မှာ ဘုန်းကြီးလည်းပင့်ပြီးပြီ။လူကြီးတွေလည်းဖိတ်ပြီးစားသောက်စရာလည်း ပြင်ဆင်ပြီးသား။ ဘယ်လောက်မိုက်ရိုင်းလဲဆိုတာ။ကိုယ်ဒွေဘက်က တစ်ရှက်ကနေနှစ်ရှက်ဖြစ်ရတယ်
ဖုန်းဆက်ပြောတော့ အရှက်ဆိုတာဘာလဲတို့။လူစားထိုးလိုက်လို့ပြောသေးတယ်လို့သိရတယ်။မတရားတွေကိုမိုက်ရိုင်းတာပါ။ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး အမှုဖွင့်ဖို့လုပ်ကြတယ်။ရှေ့နေနဲ့တိုင်ပင်တော့ လက်မှတ်ထိုးပြီး လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့တဲ့အတွက် ကာမလိမ်လည်မှုမမြောက်ဘူးတဲ့။သူတို့ဘက်ကဒီလိုလုပ်မရအောင်တမင်တကာစီစဉ်ခဲ့တာဖြစ်နိုင်တယ်လို့လဲပြောတယ် ကိုယ်တွေဘက်ကဘာမှဆက်လုပ်လို့မရတော့ဘူးလေ
ဒီသားအမိနှစ်ယောက်ရဲ့စိတ်ဓာတ်အောက်တန်းကျမှုကို တော်တော်လေးအံ့သြမိတယ်။ကိုယ်တွေ့မြင်မှ ဒီလောက်ဒီလူမဆန်တဲ့သူမျိုးတွေရှိသေးပါလားဆိုတာသိရတယ်သူတို့မှာ သမီးရှိတယ် အစ်မရှိတယ်။ဒါပေမဲ့ သားသမီးချင်းကိုယ်ချင်မစာတတ်တဲ့အထဲ ဒီဘွားတော်ပါတယ်
နှမသားချင်ကိုယ်ချင်းမစာတတ်တဲ့ ခန့်မင်းဆိုတဲ့ အောက်တန်းစားပါတယ်။လူလူချင်းဆိုတဲ့အသိနဲ့တောင်မစာနာတတ်တဲ့ လူစိတ်မရှိတဲ့သူတွေ။သူများမိသားစုဘဝတစ်ခုလုံးကို လူပုံအလည်ခေါင်းမဖော်ရဲလောက်အောင် အရှက်ရစေခဲ့တာတွေ စိတ်ဒုက္ခပေးခဲ့တာတွေအတွက်တနေ့ကိုယ့်အလှည့်ရောက်ရင် ခံနိုင်ရည်ရှိအောင် အားမွေးထားပါဝဠ်ဆိုတာ နောင်ဘဝမကူးဘူး။
ညီမငယ်များဒီအဖြစ်ကိုသင်ခန်းစာယူတတ်ပါစေ ဆင်ခြင်တတ်ပါစေ။
ဖြစ်နိုင်ရင် ကာယကံရှင်တွေသိအောင် sharing လုပ်ပေးစေလိုပါတယ်
မူရင်း Post ပိုင်ရှင်
Comment here