Celebrities News

ရံုတင္ခြင့္မရျပန္တဲ့ ယုန္ေလးရဲ့ ေနာက္ထပ္ရုပ္ရွင္တကား

ယုန္ေလးကေတာ့ အရင္ကတည္းက ပရိသတ္အခိုင္အမာ ရ႐ွိထားတဲ့ အဆိုေတာ္ တေယာက္ျဖစ္သလို ယခုေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ဖက္ပိုင္း ဦးစားေပးၿပီး လုပ္ကိုင္လာတာကို ေတြ႔ရပါတယ္။ ယုန္ေလးကေတာ့ ျမန္မာႏိုင္ငံမွာ သူမ်ားနဲ႔ မတူတဲ့ အက္႐ွင္ ဇာတ္ကားေတြကို ႐ိုက္လာတာကို သတိထားမိၾကမွာပါ။

ျပည္သူ႔အခ်စ္ေတာ္ မင္းသား ျမင့္ျမတ္နဲ႔ အျမဲတမ္းလိုလို တြဲ႐ုိက္ေနၿပီး သူ႐ိုက္ခဲ့တဲ့ Original Gangsters,Special 9 စတဲ့ အက္႐ွင္ ဇာတ္ကားေတြကို ႐ုိက္ခဲ့ပါတယ္။လက္႐ွိမွာေတာ့ သတိအႏၱရာယ္႐ွိသည္ ဆိုတဲ့ ဇာတ္ကားကို ႐ိုက္ကူးၿပီး လက္႐ွိမွာေတာ့ ရံုတင္ခြင့္ရဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔ဇာတ္ကားရဲ႕ အက္႐ွင္ခန္းေတြကေတာ့ ဆင္ဆာထိတယ္လို႔ သိရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒီဇာတ္လမ္းထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ တိုင္ရြန္ကေတာ့ သူ႔ရဲ႕ေဖ့ဘုတ္အေကာင့္မွာေတာ့ “ထုံးစံတိုင္း ဆင္ဆာထိျပန္ပီ ေမာ္ေတာ္ပီကယ္ကိုထိုးတဲ႕အခန္းပါလို႕တဲ႕ဗ်ာ

 

ဘာလို႕ထိုးလဲဆိုတဲ႕ အေၾကာင္းရင္းလဲပါေနတာဘဲ ဒါကိုမရဘူးတဲ႕ ရဲကိုလုပ္ခြင့္မရွိတာတဲ႕ဗ်ာ ကၽြန္ေတာ္တို႕ အားလုံးႀကိဳးစားထားတာ သဲထဲေရသြန္ဖစ္သြားသလိုဘဲ ႐ုံတင္ရဖို႕ ဝိုင္းဝန္းရံေပးၾကပါဦး။ Action film ပါဆို ရဲနဲ႕လူဆိုးfight ရမာဘဲမဟုတ္လားအက္ရွင္ကားက အေသေၾကဖိုက္တဲ႕ လူဆိုးေတြပါဆို ရဲလာဖမ္းရင္နည္းနည္းေတာ႕ျပန္ခ်မွာေပါ႕ဗ်ာ ဒါသဘာဝဘဲေလ ဆင္ဆာထုံးစံက အဆုံးမွာ အၿမဲ ရဲေတြလာဖမ္းတာထည္႕ေပးရတယ္ အဖမ္းခံရမွ အဲ႕ကားကိုု ဆင္ဆာေပးတယ္ လူဆိုးက ထြက္ေျပးလို႕မရဘူး ပတ္စပို႕စ္ အတု လုပ္တာထည္႔လို႔မရဘူး

ႏိုင္ငံျခားထြက္ေျပးတာ လုပ္လို႕မရဘူး အဲ႕လိုအူေၾကာင္ေၾကာင္ ႏိုင္တဲ႔ အရာေတြအမ်ားႀကီးပါ အက္ရွင္တကား႐ိုက္ရင္ အရမ္းေဘာင္က်ဥ္းပါတယ္ ေတာထဲမွာဘဲထိုးလို႕ရတယ္ ေတာကားေတြလို” ဆိုၿပီးေတာ့ တင္ထားတာ ျဖစ္ပါတယ္။ဒီလိုေရးသားထားတာေလးကိုေတာ့ အႏုပညာ႐ွင္ေတြ အပါအဝင္ ေတာ္ေတာ္မ်ားမ်ားလည္း ႐ွဲထားၾကပါတယ္။ comment ေတြမွာလည္း ဆင္ဆာနဲ့ ပတ္သက္ျပီး ေဝဖန္ထားတာေတြကို ေတြ႔ရပါတယ္။ သတိအႏၱရာယ္႐ွိသည္ ဆိုတဲ့ ဇာတ္ကားကေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားေနတဲ့ ဇာတ္ကားလည္း ျဖစ္တာေၾကာင့္ ဒီလိုျဖစ္သြားတာေၾကာင့္ တခ်ိဳ႕ပရိသတ္ေတြကေတာ့ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ပရိသတ္ႀကီးေရာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္တခုခုေပးသြားၾကပါဦး။

Unicode

ယုန်လေးကတော့ အရင်ကတည်းက ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တယောက်ဖြစ်သလို ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်ဖက်ပိုင်း ဦးစားပေးပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ယုန်လေးကတော့ မြန်မာနိုင်ငံမှာ သူများနဲ့ မတူတဲ့ အက်ရှင် ဇာတ်ကားတွေကို ရိုက်လာတာကို သတိထားမိကြမှာပါ။

ပြည်သူ့အချစ်တော် မင်းသား မြင့်မြတ်နဲ့ အမြဲတမ်းလိုလို တွဲရိုက်နေပြီး သူရိုက်ခဲ့တဲ့ Original Gangsters,Special 9 စတဲ့ အက်ရှင် ဇာတ်ကားတွေကို ရိုက်ခဲ့ပါတယ်။လက်ရှိမှာတော့ သတိအန္တရာယ်ရှိသည် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးပြီး လက်ရှိမှာတော့ ရုံတင်ခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဇာတ်ကားရဲ့ အက်ရှင်ခန်းတွေကတော့ ဆင်ဆာထိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တိုင်ရွန်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ

ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး။ Action film ပါဆို ရဲနဲ့လူဆိုးfight ရမာဘဲမဟုတ်လားအက်ရှင်ကားက အသေကြေဖိုက်တဲ့ လူဆိုးတွေပါဆို ရဲလာဖမ်းရင်နည်းနည်းတော့ပြန်ချမှာပေါ့ဗျာ ဒါသဘာဝဘဲလေ ဆင်ဆာထုံးစံက အဆုံးမှာ အမြဲ ရဲတွေလာဖမ်းတာထည့်ပေးရတယ် အဖမ်းခံရမှ အဲ့ကားကို ဆင်ဆာပေးတယ် လူဆိုးက ထွက်ပြေးလို့မရဘူး ပတ်စပို့စ် အတု လုပ်တာထည့်လို့မရဘူး

နိုင်ငံခြားထွက်ပြေးတာ လုပ်လို့မရဘူး အဲ့လိုအူကြောင်ကြောင် နိုင်တဲ့ အရာတွေအများကြီးပါ အက်ရှင်တကားရိုက်ရင် အရမ်းဘောင်ကျဉ်းပါတယ် တောထဲမှာဘဲထိုးလို့ရတယ် တောကားတွေလို” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ဒီလိုရေးသားထားတာလေးကိုတော့ အနုပညာရှင်တွေ အပါအဝင် တော်တော်များများလည်း ရှဲထားကြပါတယ်။ comment တွေမှာလည်း ဆင်ဆာနဲ့ ပတ်သက်ပြီး ဝေဖန်ထားတာတွေကို တွေ့ရပါတယ်။ သတိအန္တရာယ်ရှိသည် ဆိုတဲ့ ဇာတ်ကားကတော့ ပရိသတ်တော်တော်များများ စိတ်ဝင်စားနေတဲ့ ဇာတ်ကားလည်း ဖြစ်တာကြောင့် ဒီလိုဖြစ်သွားတာကြောင့် တချို့ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ပရိသတ်ကြီးရော ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တခုခုပေးသွားကြပါဦး။

Comment here