Knowledge

ဘာလို႔ဆံုးျဖတ္ခ်က္ခ်လဲဆိုေတာ့ အဓိက ဘီး(ေနာက္ဘီး)က်လို႔ ဆင္းတာပါ မက်ရင္ ကြၽန္ေတာ္တို႔ဧရာဝတီျမစ္ထဲမွာ သြားဆင္းရလိမ့္မယ္

ျမန္မာအမ်ိဳးသား ေလေၾကာင္း လိုင္းပိုင္ ေလယာဥ္အမွတ္ XY- AGQ, Embraer 190 AR သည္ ေမလ ၁၂ ရက္ နံနက္ ၈ နာရီ ၁၇ မိနစ္၌ မႏၲေလးေလဆိပ္သို႔ ဆင္း သက္ရန္ ႀကိဳးစားစဥ္ ေလယာဥ္ ေရွ႕ဘီးခ်မရသည့္ အေရးေပၚအ ေျခအေနကို ႀကံဳေတြ႕ခဲ့ရသည္။ အဆိုပါေလယာဥ္ကို ဦးေဆာင္ပ်ံ သန္းလာသူမွာ ေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္ျဖစ္သည္။ ေလ ယာဥ္ေပၚတြင္ ခရီးသည္ ၈၂ ဦးႏွင့္ ေလယာဥ္အမႈထမ္းခုနစ္ဦး စုစုေပါင္း ၈၉ ဦး လိုက္ပါခဲ့သည္။

ေလယာဥ္ေရွ႕ဘီးခ်မရသျဖင့္ ေလယာဥ္ဆီကုန္ရန္ ၄၂ မိနစ္ၾကာ ေကာင္းကင္တြင္ပတ္၍ ပ်ံသန္းခဲ့သည္။ ထို႔ေနာက္ ေလယာဥ္ေရွ႕ ဘီးမက်ဘဲ အျမင့္ေပ ၄,၈၀၀ ခန္႔၌ အင္ဂ်င္စက္ရပ္၍ ဦးစိုက္အေန အထားျဖင့္ မႏၲေလးေလဆိပ္သို႔ နံနက္ ၉ နာရီေက်ာ္တြင္ အဆိုပါေလယာဥ္ ေအာင္ျမင္စြာ ဆင္းသက္ႏုိင္ခဲ့သည္။ အေရးေပၚအ ေျခအေနတြင္ ခရီးသည္မ်ား ေဘးကင္းစြာျဖင့္ ေျမျပင္သို႔ ေအာင္ျမင္စြာ ဆင္းသက္ႏုိင္ေအာင္ စြမ္းေဆာင္ေပးခဲ့သည့္ ေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္ကို ဆက္သြယ္၍ 7Day Daily သတင္းစာက ေမးျမန္းခဲ့သည္မ်ားထဲမွ ေကာက္ ႏုတ္ေဖာ္ျပအပ္ပါသည္။

ျဖစ္စဥ္ကေတာ့ ရန္ကုန္က ေန မႏၲေလးလာတယ္။ ပံုမွန္အ တိုင္း ဂီယာခ်တာေပါ့ေနာ္။ ခ်သင့္တဲ့အခ်ိန္မွာ ခ်တာေပါ့။ ခ်တဲ့အ ခ်ိန္မွာ ဂီယာက မက်ဘူးဗ်။ ဘီး က သံုးဘီး။ အဓိက ဘီးႏွစ္ခုက် တယ္ဗ်ာ။ Nose Wheel (ေရွ႕ ဘီး)က မက်တာ။ မက်တာက ကြၽန္ေတာ္တို႔ အင္ဒီေကးရွင္းမွာ လာေပၚတယ္။ ထားပါေတာ့။ ဘီး က်တယ္ဆိုရင္ အစိမ္းေရာင္ေပၚ တယ္။ မက်ဘူးဆိုရင္ အနီေရာင္ ေပၚတယ္။ ေပၚတဲ့အျပင္ မက္ ေဆ့ခ်္ေလးေပးတာေပါ့။ ပံုမွန္ခ်တာကို မရေတာ့ အေရးေပၚ Pro-cedure ရွိတယ္။ ဥပမာ ထားပါေတာ့ဗ်ာ။

ဟိုက္ဒေရာလစ္စနစ္မေကာင္းဘူးဆိုရင္ အျခားအရာနဲ႔ ခ်လို႔ရေအာင္ လုပ္ထားတယ္။ အီလက္ထရစ္ မေကာင္းဘူးဆို ရင္လည္း အျခားအရာနဲ႔ခ်လို႔ရ ေအာင္ လုပ္ထားတယ္။ အဲဒီအတိုင္းလည္း လုပ္ပါတယ္။ အဲဒါလည္း မက်ဘူး။ အဲဒါနဲ႔ က်ိန္းေသေအာင္ဆိုၿပီး ကြၽန္ေတာ္က မႏၲေလးေလဆိပ္မွာ ေပ ၁,၀၀၀ နဲ႔ ျဖတ္ပ်ံပါတယ္။ သူတို႔ျမင္ရတယ္ေလ။ သူတို႔မွာ မွန္ဘီလူးလည္း ရွိတယ္။ ပထမတစ္ခါ ျဖတ္ပ်ံေတာ့ သူတို႔ေတြက ဘီးႏွစ္လံုး က်တာေတြ႕တယ္။ ေရွ႕က ဘီးမွာ Wheel Door (ဘီးတံခါး) ေလးရွိ တယ္။ ဘီးတံခါးက မပြင့္တပြင့္ ျဖစ္ေနတယ္ေပါ့ေနာ္။ ဘီးက တံခါးပြင့္ၿပီးမွ က်တာကိုး။ သူက အဲဒီလိုျဖစ္တာပါ။ က်ိန္းေသေအာင္ ကြၽန္ေတာ္ ေနာက္ထပ္တစ္ပတ္ျဖတ္ပ်ံပါတယ္။

ျဖတ္ပ်ံတဲ့အခ်ိန္မွာ သူက မက်ဘူး။ အိုေက။ ကြၽန္ေတာ္လည္း အေရးေပၚနဲ႔ခ်ၿပီးသြားၿပီ။ ကြၽန္ေတာ္တို႔ ဆင္းကို ဆင္းရေတာ့မယ္။ ဆင္းဖို႔ ကြၽန္ေတာ္ ေလထဲမွာ ဝိုက္ပ်ံတာေပါ့။ မိနစ္ ၂၀ ေလာက္ေပါ့။ ပထမတုန္းက ေပါင္ေျခာက္ေထာင္နီးပါး ရွိ တယ္။ (ေလယာဥ္အေလးခ်ိန္) ကြၽန္ေတာ္ အခုဆင္းလာတာ ေပါင္သံုးေထာင္ပဲရွိတယ္။ ေပါင္သံုးေထာင္နီးပါးေလာက္ကို ကြၽန္ ေတာ္ ေလထဲမွာျဖဳန္းလိုက္တယ္။ အေလးခ်ိန္ နည္းျခင္းအားျဖင့္ သက္ေရာက္မႈနည္းမယ္။ သက္ ေရာက္မႈနည္းရင္ အထိအခိုက္ နည္းမယ္ဗ်ာ။ အဲဒါၿပီးတာနဲ႔ ကြၽန္ ေတာ္ Crew (ေလယာဥ္အမႈထမ္း) အေၾကာင္းၾကားခိုင္းတယ္။ ၿပီး တာနဲ႔ ခရီးသည္ေတြကို အေၾကာင္းၾကားတယ္။ အကုန္လံုး Proce-dure အတိုင္း လမ္းၫႊန္ခ်က္ကို လိုက္နာဖို႔ လိုတယ္။

ေလယာဥ္အမႈထမ္းေတြနဲ႔လည္း ဇာတ္တိုက္ ထားတယ္။ ငါေျပာမွလုပ္။ ဒါေတြအကုန္လံုးကလည္း Training မွာလည္း ပါပါတယ္။ ဆင္းပါတယ္။ ေပ ၄,၈၀၀ ေလာက္မွာ ရပ္သြားပါ တယ္။ ကြၽန္ေတာ္က ေပ ၁၄,၀၀၀ မွာ ရွိတာေပါ့ (စက္မရပ္ခင္ တည္ရွိခဲ့သည့္အျမင့္ေပ)။ အင္ဂ်င္ေတြ ကို စက္သတ္တယ္။ မီးသတ္ဘူး ေတြ၊ ဘာေတြ ကြၽန္ေတာ္ေဖာက္ လိုက္ပါတယ္။ ပံုမွန္အားျဖင့္ စကၠန္႔ ၉၀ အတြင္းမွာပါ။ ေလယာဥ္အမႈထမ္းေတြလည္း ေတာ္ပါတယ္။ ကြၽန္ေတာ္တို႔ စကၠန္႔ ၅၀ ေလာက္အတြင္းမွာ အကုန္လံုး ၿပီးပါတယ္။ ကြၽန္ေတာ့္ဘက္က လည္း အကုန္ပိတ္လိုက္ပါတယ္။

အေရးေပၚအခ်ိန္မွာ ေလယာဥ္မွဴးတစ္ေယာက္ရဲ႕ ဆံုးျဖတ္ခ်က္က အရမ္းအေရးႀကီးပါတယ္။ ဒီလို ရဲရင့္တဲ့ ဆံုးျဖတ္ခ်က္ခ်ႏုိင္ခဲ့တဲ့ အေၾကာင္း ျပန္မွ်ေဝေပးပါဦး။

အရင္တုန္းက တပ္မွာတုန္း က ဖိုက္တာ (တိုက္ေလယာဥ္) ေမာင္းပါတယ္။ ၁၉၉၄ ကေန ေမာင္းတယ္။ ၂၀၀၆ မွာ ျမန္မာ အမ်ိဳးသား ေလေၾကာင္းလိုင္း ေရာက္တယ္ေပါ့ေနာ္။ ဒီေလ ယာဥ္ကိုလည္း ကြၽန္ေတာ္ေျခာက္ ႏွစ္ေလာက္ ေမာင္းထားတယ္။ ဒီေလယာဥ္မွာလည္း ကြၽန္ေတာ္ က နည္းျပဆရာပါ။ အဓိကက ေတာ့ အေတြ႕အႀကံဳပါပဲ။ အေတြ႕အႀကံဳရွိလို႔သာ ဒါမ်ိဳးေတြကို မ ေၾကာက္မရြံ႕လုပ္ႏုိင္တာပါ။ ကြၽန္ ေတာ္ ေလယာဥ္ေမာင္းနာရီက ၁၁,၀၀၀ ရွိပါတယ္။

ေလယာဥ္မွဴးႀကီးအေနနဲ႔ ဆံုးျဖတ္ ခ်က္ခ်ၿပီးတဲ့အခ်ိန္မွာ ယံုၾကည္မႈ ဘယ္ေလာက္အထိရွိပါသလဲ။ ရွိပါတယ္။ သက္ေရာက္မႈ ကေတာ့ရွိမယ္။ အနည္းနဲ႔အမ်ား ပဲ။ နံပါတ္(၁) Nose ကေတာ့ ထိ မယ္။ အင္ဂ်င္ေတြ ထိမလား၊ ေနာက္အဓိကမီးေလာင္မလား။ ဒါပါပဲ။ အေရးအႀကီးဆံုး နံပါတ္ (၁)က ခရီးသည္ေတြ ေဘးကင္းဖို႔ ပါ။ က်န္တာေတြက ေနာက္မွပါ။ စက္ပစၥည္း ဆိုတာေတြကေတာ့ ပ်က္တတ္ပါတယ္။ ေလ့က်င့္ေရး ေတြ လိုပါတယ္ ။ အရင္ကေကာ ဒီလိုအေတြ႕အႀကံဳ ေတြရွိပါသလားခင္ဗ်။ အေရးေပၚဆိုတာကေတာ့ အရင္တုန္းကလည္း ရွိပါတယ္။ ပိုင္းေလာ့နဲ႔ကေတာ့ လင္မယား လိုပါပဲ (ရယ္လ်က္)။

ေရထဲကို ဆင္းဖို႔လည္း စီစဥ္လိုက္ေသးတယ္လို႔လည္း ေလယာဥ္ ေပၚမွာ လိုက္ပါလာတဲ့လူေတြက ေျပာပါတယ္။ ဒီအေၾကာင္းလည္း ေျပာျပေပးပါဦး။

ျမစ္ေတြေပါ့ဗ်။ တကယ့္ တကယ္တမ္းမွာ အမ်ားႀကီးရွိပါ တယ္။ ကြၽန္ေတာ္တို႔စဥ္းစားရတာ က။ ထားပါေတာ့ ကြၽန္ေတာ္သက္ေရာက္မႈက သံုးဘီးလံုးမက်ဘူးဆိုရင္။ ေနာက္က ဘီးႏွစ္လံုးမက်ဘူးဆိုရင္ေတာင္ ကြၽန္ေတာ္စဥ္းစားရပါေတာ့မယ္။ ေနာက္က ဘီးက်တဲ့အတြက္ ကြၽန္ေတာ့္အ တြက္ သက္ေရာက္မႈက ဘယ္ ေလာက္မွ မရွိႏုိင္ပါဘူး။ ေနာက္က ဘီးမက်ဘဲ ကြၽန္ေတာ္ေျမျပင္ မွာ ဆင္းရင္ေတာ့ အကုန္လံုးက ေသမွာပါပဲ။ ကြၽန္ေတာ္က ဘာလို႔ ဆံုးျဖတ္ခ်က္ခ်လဲဆိုေတာ့ အဓိက ဘီးကက်လို႔ ဆင္းတာပါ။ မက်ရင္ ကြၽန္ေတာ္တို႔ ဧရာဝတီျမစ္ထဲမွာ သြားဆင္းရလိမ့္မယ္။

အေရးေပၚအေျခအေနကို ေၾက ညာလိုက္တဲ့အခါမွာ ခရီးသည္ ေတြရဲ႕တံု႔ျပန္မႈက ဘယ္လိုရွိပါ လဲ။

ေကာင္းပါတယ္။ ေလယာဥ္ အမႈထမ္းေတြလုပ္တာေရာ အ ဆင္ေျပတယ္။ သူတို႔လည္း ကြၽန္ ေတာ္တို႔ လမ္းၫႊန္ခ်က္ေတြအ ကုန္လံုးကို လိုက္နာတယ္။ ထိုင္ ဆိုတဲ့အခ်ိန္မွာ အကုန္ထုိင္တယ္။ တခ်ိဳ႕ဆိုရင္ ဖိနပ္ေတြ၊ ဘာေတြ ခြၽတ္ၿပီးေတာ့ကို လုပ္ပါတယ္။ ေတာ္ေတာ္ကို Educated (ပညာ ရည္ဗဟုသုတျပည့္)ျဖစ္ပါတယ္။ အကုန္လံုးက ထုိင္ေနၿပီးေတာ့ ကြၽန္ေတာ္တို႔ေျပာေတာ့မွ ဆင္းပါ တယ္။ ပစၥည္းေတြလည္း ဘာမွ မယူဘဲ ဒီအတိုင္းဆင္းပါတယ္။

အေရးေပၚအေျခအေနမွာ ေလ ယာဥ္ကို ေအာင္ျမင္စြာဆင္းလိုက္ ႏုိင္တဲ့အတြက္ ခံစားခ်က္ေလး ေျပာျပပါဦး။

ကြၽန္ေတာ္ကေတာ့ အရမ္း ဝမ္းသာပါတယ္။ ခရီးသည္ အႏၲရာယ္ကင္းဖို႔က အဓိကပါပဲ။ အဓိက ကြၽန္ေတာ္တို႔ပံုရိပ္ေပါ့။ MNA (Myanmar National Airlines) ဆိုတာ ျပည္တြင္းတင္ မဟုတ္ဘူး။ ျပည္ပကိုပါ ထုိး ေဖာက္ေနတယ္။ ကြၽန္ေတာ္တို႔ လုပ္ရပ္ေတြကလည္း မွန္ကန္ေန ဖို႔ အေရးႀကီးပါတယ္။ မွန္ကန္ဖို႔ ဆိုတာလည္း ေလ့က်င့္မႈေတြအ မ်ားႀကီး ႏုိင္ငံတကာနဲ႔ယွဥ္ၿပီး ေတာ့ လုပ္ေနပါတယ္။

ေလယာဥ္အင္ဂ်င္ကို စက္ရပ္ၿပီး ေတာ့ ေျမျပင္ကို ဆင္းတဲ့ စကၠန္႔ ပိုင္းအခ်ိန္ေလာက္က စိတ္ခံစား ခ်က္ကိုလည္း ေျပာျပပါဦး။

ဒါက ေနာက္ဆံုးမွာ ဆင္းတာေပါ့။ ေအာင္ျမင္သြားတဲ့အခါ အ ရမ္းကို အတုိင္းမသိပါပဲ။ ဘဝမွာ ဝမ္းသာတဲ့အထဲမွာေတာ့ ဒါက ေတာ့ ေတာ္ေတာ္ကို အတိုင္းမသိ ပါပဲ။

အခုလို ေလယာဥ္ဘီးမက်တာ ဟာ ဘာေၾကာင့္ပါလဲ။ ေလယာဥ္ေၾကာင့္၊ ျပဳျပင္ထိန္းသိမ္းမႈ ေၾကာင့္ စသည္ျဖင့္ မွတ္ခ်က္ေလး ေပးပါဦး။

ဒါကေတာ့ Mechanical ေပါ့ဗ်ာ။ အခုလည္း ကြၽန္ေတာ္တို႔ ေလယာဥ္ေရႊ႕ေနတယ္။ ကရိန္းေလးနဲ႔ မၿပီးေတာ့။ အဓိကက ဘာလဲဆိုေတာ့ သူက အေပၚကို တက္သြားတဲ့အခ်ိန္မွာ (ရန္ကုန္ေလဆိပ္)လိမ္ၿပီးေတာ့ တက္သြား တယ္။ ဘီးႀကီးကေလ။ အတည့္ မဟုတ္ဘဲ။ ျပန္ဆင္းတဲ့အခ်ိန္မွာ ဘီးက ကန္႔လန္႔ျဖစ္ေနတယ္။ သူ က သြားၿပီး တံခါးဝမွာ တစ္ေန တယ္။ ကြၽန္ေတာ္တို႔ကလည္း Mechanical ကလည္း ေျပာလို႔ မရဘူး။ တစ္ခါတေလက်ရင္ သူ က ကန္႔လန္႔ျဖစ္ေနတယ္ဆိုရင္ System အရဆိုရင္ ေပးတက္ခြင့္ မေပးထားဘူး။ သေဘာအားျဖင့္။ သူက တက္သြားတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း စဥ္းစားလို႔မရ ဘူး။ အခုၾကည့္လိုက္တဲ့အခါ သူ က ကန္႔လန္႔ျဖစ္ေနတယ္။ ကန္႔ လန္႔ျဖစ္ေတာ့ သူက မက်တာ။ ေလယာဥ္ဆိုတာကလည္း လက္ မွတ္ေတြရရွိၿပီးမွ စီးပြားျဖစ္ပ်ံလို႔ ရတာပါ။

ေလဆိပ္က တာဝါနဲ႔ဆက္သြယ္ခဲ့ တာေတြနဲ႔ တျခားေျပာၾကားလို တာေတြမ်ားရွိရင္ ေျပာေပးပါဦး။

ကြၽန္ေတာ္တို႔ လုပ္ရမယ္ဆို ေတာ့ ေမေဒး (အေရးေပၚအေျခ အေန)ေခၚရပါတယ္။ ေမေဒးေခၚ တဲ့အခ်ိန္မွာ သူတို႔ရဲ႕(တာဝါ) အ ကုန္လံုးလိုအပ္တာ ေခၚထားပါ တယ္။ ဆင္းတဲ့အခ်ိန္မွာလည္း သူတို႔ေတြအကုန္လံုးနဲ႔ အဆင္ေျပ ပါတယ္။ အရမ္းေကာင္းပါတယ္။ အခ်ိန္နဲ႔တစ္ေျပးညီ အကုန္လုပ္ ပါတယ္။

ေလယာဥ္မွဴးႀကီးအေနနဲ႔ ေလ ယာဥ္ ဘယ္ေလာက္ၾကာ ဆက္ ေမာင္းမလဲ။

ကြၽန္ေတာ္ကေတာ့ ေမာင္း ေနမွာပဲ (ရယ္လ်က္)။ ေမာင္းေန မယ္ဆိုတာက ကြၽန္ေတာ္က ေလယာဥ္ေမာင္းတဲ့ ဝါသနာကိုက ပါ တာပါ။ ေလယာဥ္မေမာင္းရရင္ ဘာေကာင္မွန္း မသိေတာ့ဘူး။ ေလယာဥ္ေမာင္းေနမွ ကြၽန္ေတာ္ တို႔က သေဘာက်တာ။

တျခား ဘာမ်ား ျဖည့္စြက္ေျပာ ၾကားလိုပါသလဲခင္ဗ်။

ႏုိင္ငံတကာနဲ႔ ရင္ေပါင္တန္း လုပ္ေနတဲ့ အခ်ိန္မွာ Standard တစ္ခုကို သြားရပါတယ္။ ကြၽန္ေတာ္တို႔လည္း ေျဖပါမယ္။ ျဖစ္တဲ့ ဟာလည္း ဘာေၾကာင့္ ျဖစ္တာ လဲ၊ ဘယ္လိုျဖစ္တာလဲ။ လူေၾကာင့္လား၊ လမ္းေၾကာင့္လား၊ ရာသီဥတုေၾကာင့္လား၊ ေလ ယာဥ္ေၾကာင့္လား။ ဒီေပၚမွာ မူတည္ၿပီးေတာ့ လုပ္ေနရပါတယ္။ ေကာင္းမြန္စြာ ေလ့က်င့္ေရးေတြ လုပ္ေနရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ MNA ျမန္မာအမ်ိဳးသားေလ ေၾကာင္းလိုင္းကိုပဲ ယံုၾကည္စိတ္ခ်စြာနဲ႔ပဲ ဆက္ၿပီးေတာ့ စီးနင္းလိုက္ပါပါလို႔ ကြၽန္ေတာ္ကေတာ့ ေျပာခ်င္ပါတယ္

Unicode

မြန်မာအမျိုးသား လေကြောင်း လိုင်းပိုင် လေယာဉ်အမှတ် XY- AGQ, Embraer 190 AR သည် မေလ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်၌ မန္တလေးလေဆိပ်သို့ ဆင်း သက်ရန် ကြိုးစားစဉ် လေယာဉ် ရှေ့ဘီးချမရသည့် အရေးပေါ်အ ခြေအနေကို ကြုံတွေ့ခဲ့ရသည်။ အဆိုပါလေယာဉ်ကို ဦးဆောင်ပျံ သန်းလာသူမှာ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ဖြစ်သည်။ လေ ယာဉ်ပေါ်တွင် ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်းခုနစ်ဦး စုစုပေါင်း ၈၉ ဦး လိုက်ပါခဲ့သည်။

လေယာဉ်ရှေ့ဘီးချမရသဖြင့် လေယာဉ်ဆီကုန်ရန် ၄၂ မိနစ်ကြာ ကောင်းကင်တွင်ပတ်၍ ပျံသန်းခဲ့သည်။ ထို့နောက် လေယာဉ်ရှေ့ ဘီးမကျဘဲ အမြင့်ပေ ၄,၈၀၀ ခန့်၌ အင်ဂျင်စက်ရပ်၍ ဦးစိုက်အနေ အထားဖြင့် မန္တလေးလေဆိပ်သို့ နံနက် ၉ နာရီကျော်တွင် အဆိုပါလေယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ အရေးပေါ်အ ခြေအနေတွင် ခရီးသည်များ ဘေးကင်းစွာဖြင့် မြေပြင်သို့ အောင်မြင်စွာ ဆင်းသက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ကို ဆက်သွယ်၍ 7Day Daily သတင်းစာက မေးမြန်းခဲ့သည်များထဲမှ ကောက် နုတ်ဖော်ပြအပ်ပါသည်။

ဖြစ်စဉ်ကတော့ ရန်ကုန်က နေ မန္တလေးလာတယ်။ ပုံမှန်အ တိုင်း ဂီယာချတာပေါ့နော်။ ချသင့်တဲ့အချိန်မှာ ချတာပေါ့။ ချတဲ့အ ချိန်မှာ ဂီယာက မကျဘူးဗျ။ ဘီး က သုံးဘီး။ အဓိက ဘီးနှစ်ခုကျ တယ်ဗျာ။ Nose Wheel (ရှေ့ ဘီး)က မကျတာ။ မကျတာက ကျွန်တော်တို့ အင်ဒီကေးရှင်းမှာ လာပေါ်တယ်။ ထားပါတော့။ ဘီး ကျတယ်ဆိုရင် အစိမ်းရောင်ပေါ် တယ်။ မကျဘူးဆိုရင် အနီရောင် ပေါ်တယ်။ ပေါ်တဲ့အပြင် မက် ဆေ့ချ်လေးပေးတာပေါ့။ ပုံမှန်ချတာကို မရတော့ အရေးပေါ် Pro-cedure ရှိတယ်။ ဥပမာ ထားပါတော့ဗျာ။

ဟိုက်ဒရောလစ်စနစ်မကောင်းဘူးဆိုရင် အခြားအရာနဲ့ ချလို့ရအောင် လုပ်ထားတယ်။ အီလက်ထရစ် မကောင်းဘူးဆို ရင်လည်း အခြားအရာနဲ့ချလို့ရ အောင် လုပ်ထားတယ်။ အဲဒီအတိုင်းလည်း လုပ်ပါတယ်။ အဲဒါလည်း မကျဘူး။ အဲဒါနဲ့ ကျိန်းသေအောင်ဆိုပြီး ကျွန်တော်က မန္တလေးလေဆိပ်မှာ ပေ ၁,၀၀၀ နဲ့ ဖြတ်ပျံပါတယ်။ သူတို့မြင်ရတယ်လေ။ သူတို့မှာ မှန်ဘီလူးလည်း ရှိတယ်။ ပထမတစ်ခါ ဖြတ်ပျံတော့ သူတို့တွေက ဘီးနှစ်လုံး ကျတာတွေ့တယ်။ ရှေ့က ဘီးမှာ Wheel Door (ဘီးတံခါး) လေးရှိ တယ်။ ဘီးတံခါးက မပွင့်တပွင့် ဖြစ်နေတယ်ပေါ့နော်။ ဘီးက တံခါးပွင့်ပြီးမှ ကျတာကိုး။ သူက အဲဒီလိုဖြစ်တာပါ။ ကျိန်းသေအောင် ကျွန်တော် နောက်ထပ်တစ်ပတ်ဖြတ်ပျံပါတယ်။

ဖြတ်ပျံတဲ့အချိန်မှာ သူက မကျဘူး။ အိုကေ။ ကျွန်တော်လည်း အရေးပေါ်နဲ့ချပြီးသွားပြီ။ ကျွန်တော်တို့ ဆင်းကို ဆင်းရတော့မယ်။ ဆင်းဖို့ ကျွန်တော် လေထဲမှာ ဝိုက်ပျံတာပေါ့။ မိနစ် ၂၀ လောက်ပေါ့။ ပထမတုန်းက ပေါင်ခြောက်ထောင်နီးပါး ရှိ တယ်။ (လေယာဉ်အလေးချိန်) ကျွန်တော် အခုဆင်းလာတာ ပေါင်သုံးထောင်ပဲရှိတယ်။ ပေါင်သုံးထောင်နီးပါးလောက်ကို ကျွန် တော် လေထဲမှာဖြုန်းလိုက်တယ်။ အလေးချိန် နည်းခြင်းအားဖြင့် သက်ရောက်မှုနည်းမယ်။ သက် ရောက်မှုနည်းရင် အထိအခိုက် နည်းမယ်ဗျာ။ အဲဒါပြီးတာနဲ့ ကျွန် တော် Crew (လေယာဉ်အမှုထမ်း) အကြောင်းကြားခိုင်းတယ်။ ပြီး တာနဲ့ ခရီးသည်တွေကို အကြောင်းကြားတယ်။ အကုန်လုံး Proce-dure အတိုင်း လမ်းညွှန်ချက်ကို လိုက်နာဖို့ လိုတယ်။

လေယာဉ်အမှုထမ်းတွေနဲ့လည်း ဇာတ်တိုက် ထားတယ်။ ငါပြောမှလုပ်။ ဒါတွေအကုန်လုံးကလည်း Training မှာလည်း ပါပါတယ်။ ဆင်းပါတယ်။ ပေ ၄,၈၀၀ လောက်မှာ ရပ်သွားပါ တယ်။ ကျွန်တော်က ပေ ၁၄,၀၀၀ မှာ ရှိတာပေါ့ (စက်မရပ်ခင် တည်ရှိခဲ့သည့်အမြင့်ပေ)။ အင်ဂျင်တွေ ကို စက်သတ်တယ်။ မီးသတ်ဘူး တွေ၊ ဘာတွေ ကျွန်တော်ဖောက် လိုက်ပါတယ်။ ပုံမှန်အားဖြင့် စက္ကန့် ၉၀ အတွင်းမှာပါ။ လေယာဉ်အမှုထမ်းတွေလည်း တော်ပါတယ်။ ကျွန်တော်တို့ စက္ကန့် ၅၀ လောက်အတွင်းမှာ အကုန်လုံး ပြီးပါတယ်။ ကျွန်တော့်ဘက်က လည်း အကုန်ပိတ်လိုက်ပါတယ်။

အရေးပေါ်အချိန်မှာ လေယာဉ်မှူးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က အရမ်းအရေးကြီးပါတယ်။ ဒီလို ရဲရင့်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ အကြောင်း ပြန်မျှဝေပေးပါဦး။

အရင်တုန်းက တပ်မှာတုန်း က ဖိုက်တာ (တိုက်လေယာဉ်) မောင်းပါတယ်။ ၁၉၉၄ ကနေ မောင်းတယ်။ ၂၀၀၆ မှာ မြန်မာ အမျိုးသား လေကြောင်းလိုင်း ရောက်တယ်ပေါ့နော်။ ဒီလေ ယာဉ်ကိုလည်း ကျွန်တော်ခြောက် နှစ်လောက် မောင်းထားတယ်။ ဒီလေယာဉ်မှာလည်း ကျွန်တော် က နည်းပြဆရာပါ။ အဓိကက တော့ အတွေ့အကြုံပါပဲ။ အတွေ့အကြုံရှိလို့သာ ဒါမျိုးတွေကို မ ကြောက်မရွံ့လုပ်နိုင်တာပါ။ ကျွန် တော် လေယာဉ်မောင်းနာရီက ၁၁,၀၀၀ ရှိပါတယ်။

လေယာဉ်မှူးကြီးအနေနဲ့ ဆုံးဖြတ် ချက်ချပြီးတဲ့အချိန်မှာ ယုံကြည်မှု ဘယ်လောက်အထိရှိပါသလဲ။ ရှိပါတယ်။ သက်ရောက်မှု ကတော့ရှိမယ်။ အနည်းနဲ့အများ ပဲ။ နံပါတ်(၁) Nose ကတော့ ထိ မယ်။ အင်ဂျင်တွေ ထိမလား၊ နောက်အဓိကမီးလောင်မလား။ ဒါပါပဲ။ အရေးအကြီးဆုံး နံပါတ် (၁)က ခရီးသည်တွေ ဘေးကင်းဖို့ ပါ။ ကျန်တာတွေက နောက်မှပါ။ စက်ပစ္စည်း ဆိုတာတွေကတော့ ပျက်တတ်ပါတယ်။ လေ့ကျင့်ရေး တွေ လိုပါတယ် ။ အရင်ကကော ဒီလိုအတွေ့အကြုံ တွေရှိပါသလားခင်ဗျ။ အရေးပေါ်ဆိုတာကတော့ အရင်တုန်းကလည်း ရှိပါတယ်။ ပိုင်းလော့နဲ့ကတော့ လင်မယား လိုပါပဲ (ရယ်လျက်)။

ရေထဲကို ဆင်းဖို့လည်း စီစဉ်လိုက်သေးတယ်လို့လည်း လေယာဉ် ပေါ်မှာ လိုက်ပါလာတဲ့လူတွေက ပြောပါတယ်။ ဒီအကြောင်းလည်း ပြောပြပေးပါဦး။

မြစ်တွေပေါ့ဗျ။ တကယ့် တကယ်တမ်းမှာ အများကြီးရှိပါ တယ်။ ကျွန်တော်တို့စဉ်းစားရတာ က။ ထားပါတော့ ကျွန်တော်သက်ရောက်မှုက သုံးဘီးလုံးမကျဘူးဆိုရင်။ နောက်က ဘီးနှစ်လုံးမကျဘူးဆိုရင်တောင် ကျွန်တော်စဉ်းစားရပါတော့မယ်။ နောက်က ဘီးကျတဲ့အတွက် ကျွန်တော့်အ တွက် သက်ရောက်မှုက ဘယ် လောက်မှ မရှိနိုင်ပါဘူး။ နောက်က ဘီးမကျဘဲ ကျွန်တော်မြေပြင် မှာ ဆင်းရင်တော့ အကုန်လုံးက သေမှာပါပဲ။ ကျွန်တော်က ဘာလို့ ဆုံးဖြတ်ချက်ချလဲဆိုတော့ အဓိက ဘီးကကျလို့ ဆင်းတာပါ။ မကျရင် ကျွန်တော်တို့ ဧရာဝတီမြစ်ထဲမှာ သွားဆင်းရလိမ့်မယ်။

အရေးပေါ်အခြေအနေကို ကြေ ညာလိုက်တဲ့အခါမှာ ခရီးသည် တွေရဲ့တုံ့ပြန်မှုက ဘယ်လိုရှိပါ လဲ။

ကောင်းပါတယ်။ လေယာဉ် အမှုထမ်းတွေလုပ်တာရော အ ဆင်ပြေတယ်။ သူတို့လည်း ကျွန် တော်တို့ လမ်းညွှန်ချက်တွေအ ကုန်လုံးကို လိုက်နာတယ်။ ထိုင် ဆိုတဲ့အချိန်မှာ အကုန်ထိုင်တယ်။ တချို့ဆိုရင် ဖိနပ်တွေ၊ ဘာတွေ ချွတ်ပြီးတော့ကို လုပ်ပါတယ်။ တော်တော်ကို Educated (ပညာ ရည်ဗဟုသုတပြည့်)ဖြစ်ပါတယ်။ အကုန်လုံးက ထိုင်နေပြီးတော့ ကျွန်တော်တို့ပြောတော့မှ ဆင်းပါ တယ်။ ပစ္စည်းတွေလည်း ဘာမှ မယူဘဲ ဒီအတိုင်းဆင်းပါတယ်။

အရေးပေါ်အခြေအနေမှာ လေ ယာဉ်ကို အောင်မြင်စွာဆင်းလိုက် နိုင်တဲ့အတွက် ခံစားချက်လေး ပြောပြပါဦး။

ကျွန်တော်ကတော့ အရမ်း ဝမ်းသာပါတယ်။ ခရီးသည် အန္တရာယ်ကင်းဖို့က အဓိကပါပဲ။ အဓိက ကျွန်တော်တို့ပုံရိပ်ပေါ့။ MNA (Myanmar National Airlines) ဆိုတာ ပြည်တွင်းတင် မဟုတ်ဘူး။ ပြည်ပကိုပါ ထိုး ဖောက်နေတယ်။ ကျွန်တော်တို့ လုပ်ရပ်တွေကလည်း မှန်ကန်နေ ဖို့ အရေးကြီးပါတယ်။ မှန်ကန်ဖို့ ဆိုတာလည်း လေ့ကျင့်မှုတွေအ များကြီး နိုင်ငံတကာနဲ့ယှဉ်ပြီး တော့ လုပ်နေပါတယ်။

လေယာဉ်အင်ဂျင်ကို စက်ရပ်ပြီး တော့ မြေပြင်ကို ဆင်းတဲ့ စက္ကန့် ပိုင်းအချိန်လောက်က စိတ်ခံစား ချက်ကိုလည်း ပြောပြပါဦး။

ဒါက နောက်ဆုံးမှာ ဆင်းတာပေါ့။ အောင်မြင်သွားတဲ့အခါ အ ရမ်းကို အတိုင်းမသိပါပဲ။ ဘဝမှာ ဝမ်းသာတဲ့အထဲမှာတော့ ဒါက တော့ တော်တော်ကို အတိုင်းမသိ ပါပဲ။

အခုလို လေယာဉ်ဘီးမကျတာ ဟာ ဘာကြောင့်ပါလဲ။ လေယာဉ်ကြောင့်၊ ပြုပြင်ထိန်းသိမ်းမှု ကြောင့် စသည်ဖြင့် မှတ်ချက်လေး ပေးပါဦး။

ဒါကတော့ Mechanical ပေါ့ဗျာ။ အခုလည်း ကျွန်တော်တို့ လေယာဉ်ရွှေ့နေတယ်။ ကရိန်းလေးနဲ့ မပြီးတော့။ အဓိကက ဘာလဲဆိုတော့ သူက အပေါ်ကို တက်သွားတဲ့အချိန်မှာ (ရန်ကုန်လေဆိပ်)လိမ်ပြီးတော့ တက်သွား တယ်။ ဘီးကြီးကလေ။ အတည့် မဟုတ်ဘဲ။ ပြန်ဆင်းတဲ့အချိန်မှာ ဘီးက ကန့်လန့်ဖြစ်နေတယ်။ သူ က သွားပြီး တံခါးဝမှာ တစ်နေ တယ်။ ကျွန်တော်တို့ကလည်း Mechanical ကလည်း ပြောလို့ မရဘူး။ တစ်ခါတလေကျရင် သူ က ကန့်လန့်ဖြစ်နေတယ်ဆိုရင် System အရဆိုရင် ပေးတက်ခွင့် မပေးထားဘူး။ သဘောအားဖြင့်။ သူက တက်သွားတယ်ဆိုတော့ ကျွန်တော်တို့လည်း စဉ်းစားလို့မရ ဘူး။ အခုကြည့်လိုက်တဲ့အခါ သူ က ကန့်လန့်ဖြစ်နေတယ်။ ကန့် လန့်ဖြစ်တော့ သူက မကျတာ။ လေယာဉ်ဆိုတာကလည်း လက် မှတ်တွေရရှိပြီးမှ စီးပွားဖြစ်ပျံလို့ ရတာပါ။

လေဆိပ်က တာဝါနဲ့ဆက်သွယ်ခဲ့ တာတွေနဲ့ တခြားပြောကြားလို တာတွေများရှိရင် ပြောပေးပါဦး။

ကျွန်တော်တို့ လုပ်ရမယ်ဆို တော့ မေဒေး (အရေးပေါ်အခြေ အနေ)ခေါ်ရပါတယ်။ မေဒေးခေါ် တဲ့အချိန်မှာ သူတို့ရဲ့(တာဝါ) အ ကုန်လုံးလိုအပ်တာ ခေါ်ထားပါ တယ်။ ဆင်းတဲ့အချိန်မှာလည်း သူတို့တွေအကုန်လုံးနဲ့ အဆင်ပြေ ပါတယ်။ အရမ်းကောင်းပါတယ်။ အချိန်နဲ့တစ်ပြေးညီ အကုန်လုပ် ပါတယ်။

လေယာဉ်မှူးကြီးအနေနဲ့ လေ ယာဉ် ဘယ်လောက်ကြာ ဆက် မောင်းမလဲ။

ကျွန်တော်ကတော့ မောင်း နေမှာပဲ (ရယ်လျက်)။ မောင်းနေ မယ်ဆိုတာက ကျွန်တော်က လေယာဉ်မောင်းတဲ့ ဝါသနာကိုက ပါ တာပါ။ လေယာဉ်မမောင်းရရင် ဘာကောင်မှန်း မသိတော့ဘူး။ လေယာဉ်မောင်းနေမှ ကျွန်တော် တို့က သဘောကျတာ။

တခြား ဘာများ ဖြည့်စွက်ပြော ကြားလိုပါသလဲခင်ဗျ။

နိုင်ငံတကာနဲ့ ရင်ပေါင်တန်း လုပ်နေတဲ့ အချိန်မှာ Standard တစ်ခုကို သွားရပါတယ်။ ကျွန်တော်တို့လည်း ဖြေပါမယ်။ ဖြစ်တဲ့ ဟာလည်း ဘာကြောင့် ဖြစ်တာ လဲ၊ ဘယ်လိုဖြစ်တာလဲ။ လူကြောင့်လား၊ လမ်းကြောင့်လား၊ ရာသီဥတုကြောင့်လား၊ လေ ယာဉ်ကြောင့်လား။ ဒီပေါ်မှာ မူတည်ပြီးတော့ လုပ်နေရပါတယ်။ ကောင်းမွန်စွာ လေ့ကျင့်ရေးတွေ လုပ်နေရပါတယ်။ ကျွန်တော်တို့ရဲ့ MNA မြန်မာအမျိုးသားလေ ကြောင်းလိုင်းကိုပဲ ယုံကြည်စိတ်ချစွာနဲ့ပဲ ဆက်ပြီးတော့ စီးနင်းလိုက်ပါပါလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်

Comment here