အိုမန် အီရန်နှင့် ပါရှားပင်လယ်ကွေ့တို့ကို ဖြတ်ပျံမည့် လေကြောင်းလိုင်းအားလုံးကို တားမြစ်

အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံး ကတော့ အိုမန်၊ အီရန်နဲ့ ပါရှားပင်လယ်ကွေ့တွေကို ဖြတ်ပြီး ပျံသန်းမယ့် အရပ်ဘက် လေကြောင်းလိုင်း အားလုံးကို တားမြစ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ပါတယ်။ တရုတ်၊ စင်ကာပူ၊ မလေးရှား လေကြောင်းလိုင်းတွေနဲ့ သြစတြေးလျရဲ့ ကန်းတက်စ် လေကြောင်းလိုင်းတို့ကလည်း အရှေ့အလယ်ပိုင်းဒေသကို ဖြတ်ကျော်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို လမ်းကြောင်းပြောင်း ပြေးဆွဲဖို့ ပြင်ဆင် သတ်မှတ်ခဲ့ကြပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်‌ရော့ဘ်ကတော့ အီရန်နဲ့ အမေရိကန် စစ်ဖြစ်ရင် အရှေ့အလယ်ပိုင်းတလွှားက စစ်သွေးကြွတွေ အကျိုးအမြတ် ရလိမ့်မယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ပြောဆို သတိပေးခဲ့ပါတယ်။ DVB TV News အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံး ကတော့ အိုမန်၊ အီရန်နဲ့ […]

မဆင့် အခုလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာတဲ့ ရုပ်ရှင်ဥက္ကဌ ညီညီထွန်းလွင်

သရုပ်ဆောင် မေသန်းနုကိုတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဒီနေ့(ဇန်နဝါရီလ ၂ ရက်) က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြသလို သူမကို ချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လို့ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။ ရုပ်ရှင်ဥက္ကဌ […]

ပါမောက္ခ ချုပ်ဆရာတော်ဘုရားကြီး ကို နိုင်ငံတော်သမ္မတက သာသာနာ့ဆိုင်ရာအမြင့်ဆုံးဘွဲ့ ဆပ်ကပ်

ပါမောက္ခ ချုပ်ဆရာတော်ဘုရားကြီး ကို နိုင်ငံတော်သမ္မတက သာသာနာ့ဆိုင်ရာအမြင့်ဆုံးဘွဲ့ ဆပ်ကပ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ကို သမတ္တကြီး ဦးဝင်းမြင့်က သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဇန်နဝါရီလ (၄) ရက်နေ့က ဆက်ကပ်ခဲ့တယ်လို့သိရပါတယ်။ဒီလို အမြင့်ဆုံးဘွဲ့ကို ဆက်ကပ်ခံရနိုင်ဖို့အတွက်တော့ သာမာန်အားဖြင့် မရကြပဲနဲ့အောက်ပါအချက်တွေ ပြည့်စုံတဲ့ ရဟန်းသံဃာတွေကိုပဲ ဆက်ကပ်တာဖြစ်တယ်လို့ သိရပါတယ်။ ( ၁) အဂ္ဂမဟာပဏ္ဍိတဘြဲ့တံဆိပ်တော် ဆက္ကပ္ခံရပြီးျဖစ်ျခင်း။ (၂) အနည်းဆုံး သိက္ခာဝါ (၆၀)ရျွိခင်း။ (၃) ဗဟုသုတအကြားအမြင်များခြင်း။ (၄) သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း။ (၅) ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း။ (၆) တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။ (၇) သီလဂုဏ်၊ သမာဓိဂုဏ်၊ […]

ထိုင်းနိုင်ငံမှာ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြတဲ့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီး မြန်မာဆိုတာဘာလဲ ပြောလိုက်တဲ့ ”မနော”…

ထိုင်းနိုင်ငံမှာ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြတဲ့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီး မြန်မာဆိုတာဘာလဲ ပြောလိုက်တဲ့ ”မနော”… အဆိုတော် မနောဟာ မြန်မာနိုင်ငံမှာ အတော့်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပါ… သူ့ရဲ့ ကျေးလက်သဘာဝကို ထင်ဟပ်စေတဲ့ သီချင်းတွေဟာ ဆိုရင် တောရောမြို့ပါမကျန် အကုန်ကြိုက်ကြတာပဲ ဖြစ်ပါတယ်..ဒါ့အပြင် အလှူမင်္ဂလာပွဲတွေမှာလည်း မနောမပါရင် မပြီးဘူးလို့ ဆိုရမှာပါ… ဒီလို မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းဆိုရင် နိုင်ငံခြားထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်… လတ်တလောမှာလည်း မနောဟာ ထိုင်းနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ခုလိုချပြခဲ့ပါတယ်… “ထိုင်းနိုင်ငံ မဲဆောက်မှာ ဆိုခဲ့တယ် ..ချီးကျူးစရာတစ်ခုတွေ့ခဲ့တယ် ….အမျိုး ဘာသာသာသနာကိုစောင့်ရှောက်တဲ့ ထိုင်းနိုင်ငံမှာအနေကြာပြီး မြန်မာလူမျိုးတွေ အဲဒီမှာတော်တော်များများကိုရှိနေတာဗျာ့ ရှိတဲ့ထဲမှာ ထူးခြားတာက …ဦးကျော်သောင်းတို့ဇနီးမောင်နှံ […]

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကို အတွဲခုံမှာတစ်ယောက်တည်း အားပေးခဲ့တဲ့ နေတိုး

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကို အတွဲခုံမှာတစ်ယောက်တည်း အားပေးခဲ့တဲ့ နေတိုး နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ နေတိုးရဲ့ နောက်ထပ် အနုပညာမှတ်တိုင်တစ်ခု ဖြစ်တဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကလဲ မကြာခင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ နေတိုးက မနေ့က ဇန်နဝါရီ်လ (၅) ရက်နေ့မှာတော့ ရန်ကုန်မြို့ Mingalar Cinemas Gold Class မှာ ကျင်းပပြုလုပ်တဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။နေတိုးက “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show အခမ်းအနားကို အရီးလည်းမပါ၊ […]

ဂုဏ်ပြုငွေ (၁၀) သိန်းကို ထပ်မံရရှိသွားတဲ့ အက်စတာ

ဂုဏ်ပြုငွေ (၁၀) သိန်းကို ထပ်မံရရှိသွားတဲ့ အက်စတာ ပရိသတ်တွေရဲ့ အားပေးမှုကို အမြင့်မားဆုံးရရှိထားတဲ့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကလည်း မကြာသေးမီအချိန်ကပြီးဆုံးသွားခဲ့ပါပြီ။Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင်ဖြစ်တဲ့ အက်စတာကတော့ လတ်တလောမှာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ဟားခါးမြို့ကို ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ပြန်ခရီးစဉ်ကိုတော့ မွေးရပ်မြေ ချင်းပြည်နယ်က ပရိသတ်တွေကလည်း လူပင်လယ်ကြီးအလားကို သောင်းသောင်းဖြဖြနဲ့ အိမ်ပြန်ခရီးကို ကြိုဆိုခဲ့ကြပါတယ်။အက်စတာတစ်ယောက် မွေးရပ်မြေ ချင်းပြည်နယ်ကို ပြန်လည်ရောက်ရှိချိန်မှာတော့ ချင်းပြည်နယ် အစိုးရအဖွဲ့ဂုဏ်ပြုငွေ (၁၀)သိန်းပေးအပ်တာကို ခံခဲ့ရပါတယ်။ချင်းပြည်နယ် အစိုးရအဖွဲ့ကဂုဏ်ပြုတဲ့ ဂုဏ်ပြုငွေအပြင် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ရရှိခဲ့ပါသေးတယ်။ အက်စတာကတော့ Myanmar Idol ရဲ့ Winner ဆုကြီးအနေနဲ့ ချီးမြှင့်တဲ့ သိန်း(၇၀၀)၊တိုက်ခန်းတစ်ခန်း၊စီးရီးတစ်ခွေတို့ကို လည်း […]

သြစတေးလျတောမီးလောင်မှုအတွက် NSW မီးသတ်ဌာနကို ဒေါ်လာ ( ၃ ) သောင်းလှူ ဒါန်းခဲ့တဲ့ Jay Park

သြစတေးလျတောမီးလောင်မှုအတွက် NSW မီးသတ်ဌာနကို ဒေါ်လာ ( ၃ ) သောင်းလှူ ဒါန်းခဲ့တဲ့ Jay Park ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော် အဆိုတော်ဖြစ်တဲ့ Jay Park ကတော့ လတ်တလော သြစတေးလျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုအတွက်ကို အလှူငွေတွေ ပါဝင်ကူညီလှူဒါန်းခဲ့ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၆) ရက်မှာ Jay Park က NSW ကျေးလက်မီးသတ်ဌာနကို ဒေါ်လာ (၃)သောင်းတိတိလှူဒါန်းကြောင်းကို သူ့ရဲ့ တွစ်တာအကောင့်ကနေထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ NSW ကျေးလက်မီးသတ်ဌာနဟာဆိုရင် စေတနာ့ဝန်ထမ်းအဖွဲ့ဝင် (၇)သောင်းကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးစေတနာ့ဝန်ထမ်းမီးသတ်ဌာနဖြစ်ပါတယ်။သြစတေးလျတောမီးလောင်မှုဟာဆိုရင် ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစပြီး သြစတြေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်အနှံ့မှာ ဖြစ်ပွားနေကာ အရေးပေါ်အနီရောင်အဆင့်ထိသတ်မှတ်ထားတာပဲဖြစ်ပါတယ်။မီးသတ်သမား(၂၀၀၀)ကျော်၊ မီးသတ်ကား(၃၀၀)ကျော်၊ မီးသတ်ရဟတ်လေယာဉ်(၃၃)စီးနဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက်ကြိုးစားနေကြပါတယ်။ ဒီတောမီးလောင်မှုကြောင့် တောရိုင်းတိရိစ္ဆာန်တွေလည်း သေကြေပျက်စီးမှုတွေလည်း ရှိနေခဲ့ပြီး လတ်တလောမှာ […]

ချင်းပြည်နယ်ရဲ့ ပထမဆုံးလေဆိပ်ကို မေလကုန်မှာဖွင့်မည်

ချင်းပြည်နယ်ရဲ့ ပထမဆုံးလေဆိပ်ကို မေလကုန်မှာဖွင့်မည် ချင်းပြည်နယ်ရဲ့ ပထမဆုံး လေဆိပ်ဖြစ်တဲ့ ဆာဘမ်း လေဆိပ်ကို ဖလမ်းမြို့နယ်အတွင်း၊ လာမယ့် မေလကုန်ပိုင်းမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေတဲ့ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း တိုးတက် ဖွံ့ဖြိုးလာအောင် ကျပ်ငွေ ၃၇ ဘီလျံ ကုန်ကျတဲ့ လေဆိပ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်တည်ဆောက်ပြီး၊ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ဖို့ဖြစ်ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ စောစောပြီးစီးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။ဒီလေဆိပ်ကြောင့်လှပတဲ့ ရေမြေသဘာ၀ ရှုခင်းတွေ ရှိရာချင်းပြည်နယ်နဲ့ ဆက်သွယ်ရေး ပိုမိုကောင်းမွန် မြန်ဆန်လာမှာဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ရပါတယ်။ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုတိုအတွင်း လာရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး […]

အနုပညာသာမက ပညာရေးမှာပါ ထူးချွန်တယ် ဆိုတာ သက်သေပြခဲ့တဲ့ အေးမြဖြူရဲ့ ၁၀ တန်း အမှတ်စာရင်း

အနုပညာသာမက ပညာရေးမှာပါ ထူးချွန်တယ် ဆိုတာ သက်သေပြခဲ့တဲ့ အေးမြဖြူရဲ့ ၁၀ တန်း အမှတ်စာရင်း Myanmar Idol Season 4 ရဲ့ Cele Star တစ်ဦးဖြစ်တဲ့ ပြိုင်ပွဲဝင် အေးမြဖြူတစ်ယောက်ကတော့ Winner ဖြစ်မယ်လို့ အားလုံးက ခန့်မှန်းခဲ့ကြပေမယ့်သူမဟာ Winner ဆု နဲ့ လွဲချော်ခဲ့ရပါတယ် အဓိကကတော့ Voting Result နဲ့ ဆုံးဖြတ်တဲ့ ပွဲမို့လို့ Grand Final မှာ သီချင်းမှားဆိုတာတောင်မှ အက်စတာ တစ်ယောက်ဟာ winner ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ အေးမြဖြူတစ်ယောက်ဟာ အရာရာကို ကြိုသိနေတဲ့အလား Winner ကို ကြေငြာချိန်မှာ သိပြီးသားအဖြေကို ပြန်ကြားနေရသလို မတုန်မလှုပ်ပဲ အပြုံးလေးတစ်ပွင့်နဲ့ အားလုံးကို ရင်ဆိုင်ခဲ့တာကြောင့် […]

အိမ်ထောင်သက် ၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူ နဲ့ ပိုးအိအိခန့်

အိမ်ထောင်သက် ၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူ နဲ့ ပိုးအိအိခန့် မန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။ ပိုးအိအိခန့် က သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိပါတယ်။ဒီတစ်ခါမှာတော့ အောင်သူ နဲ့ ပိုးအိအိခန့် တို့ က အိမ်ထောင်သက် ၂နှစ်ပြည့်သွားပါပြီ။ အောင်သူ က ” […]